အင်္ဂလိပ်ဘောလုံးအသင်းတွေဟာ ဘောလုံးသမားတွေရဲ့လုံခြုံရေးကို ပိုမိုလုပ်ဆောင်ဖို့လိုအပ်

၁၀ စက်တင်ဘာ

အင်္ဂလိပ်ဘောလုံးအသင်းတွေဟာ ဘောလုံးသမားတွေရဲ့ လုံခြုံရေးတင်မဟုတ်ဘဲ၊ ဘောလုံးသမားတွေရဲ့ မိသားစုတွေရဲ့ လုံခြုံရေးကို ပိုမိုလုပ်ဆောင်ဖို့လိုအပ်ပြီဖြစ်ကြောင်း လုံခြုံရေးပညာရှင်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ဂျူလိုင်လက အာဆင်နယ်ဘောလုံးအသင်းရဲ့ နာမည်ကျော် အိုဇေး နဲ့ စိဒ် ကော်လက်ဆင်းနစ်တို့ နှစ်ယောက်ကို ဓားကိုင်ဆောင်ထားတဲ့ အမျိုးသားတွေရဲ့ တိုက်ခိုက်မှုခံခဲ့ရပြီးနောက် စစ်သားဟောင်း အဲလက်စ် ဘွန်းဘတ်က က အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။ 

အဲလက်စ် ဘွန်းဘတ်ဟာ စုံစမ်းထောက်လှမ်းရေးကုမ္ပဏီ ရဲ့ တည်ထောင်သူ အုပ်ချုပ်ရေးမှူးဖြစ်ပါတယ်။ ဘွန်းဘတ်ဟာ စပိန်နဲ့ ပြင်သစ်နိုင်ငံတွေက ဘောလုံးသမား ကိုးဦးရဲ့ ပုဂ္ဂလိက လုံခြုံရေးအတွက် တာဝန်ယူထားကြောင်း၊ ဒါပေမယ့် အင်္ဂလန်အခြေစိုက်ဘောလုံးသမားတွေရဲ့ လုံခြုံရေးအတွက် သူနဲ့ ဆက်သွယ်မှု မရှိသေးကြောင်း ပြောပါတယ်။  

ဘွန်းဘတ်ဆက်ပြောတာက အရမ်းချမ်းသာတဲ့ ပရီးမီးယားလိဒ်ဘောသမားတွေနဲ့ ကလပ်အသင်းတွေက ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး အလေးမထားတာကို သူ့အနေနဲ့ အံ့အားသင့်ကြောင်း ပြောပါတယ်။ 

ဗြိတိန်တော်ဝင်မိသားစုရဲ့ဝန်ထမ်းဟောင်း တစ်ဦးကလည်း ယူကေမှာ ဘောလုံးသမားတွေက လူထုနဲ့ ပိုပြီး ထိတွေ့မှုများတယ်။ ဘောလုံးသမား သို့မဟုတ် မိသားစု တစ်ဦးဦး အပြင်းထန် ဒဏ်ရာမရမခြင်း သို့မဟုတ် အသတ်မခံရမခြင်း ဒီလုံခြုံရေးကိစ္စကို အလေးထားမှာမဟုတ်ဘူးလို့ ပြင်းပြင်းထန်ထန်ဝေဖန်သွားပါတယ်။ 

အာဆင်နယ်ဘောလုံးအသင်းရဲ့ နာမည်ကျော် အိုဇေး နဲ့ စိဒ်ကော်လက်ဆင်းနစ်တို့ တိုက်ခိုက်ခံရအပြီး ဥရောပရှိကစားသမားတွေက ဘွန်းဘတ်ကို ဆက်သွယ်လာကြောင်း ပြောပါတယ်။ 

MDN
ကိုးကား - AFP