အင်္ဂလန် ဘောလုံးအသင်းနဲ့ ချစ်ကြည်ရေး ကစားရန် စီစဉ်ထားခြင်းကို နယူးဇီလန် ဖျက်သိမ်း

၁၄ အောက်တိုဘာ

 

 

အင်္ဂလန် ဘောလုံးအသင်းနဲ့ ချစ်ကြည်ရေး ကစားရန်အတွက် အင်္ဂလန်ကို လာရောက်ရန် မဖြစ်နိုင်ကြောင်း၊ နယူးဇီလန်ရဲ့ ဘောလုံးကစားသမား တချို့ဟာ နိုင်ငံကို ပြန်ရောက်ရင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု တားမြစ်ထားတဲ့ စည်းမျဉ်းအရ သီးသန့်နေထိုင်ခြင်း ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် ဖျက်သိမ်းကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

 

 

လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့မှာ လန်ဒန်မြို့ရှိ ဝင်ဘာလေ ဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး ဘောလုံးပွဲကို ဖျက်သိမ်းလိုက်တာဖြစ်ပြီး အဲဒီအစီအစဉ်ကို နယူးဇီလန် ဘောလုံးအဖွဲ့ရဲ့ CEO အန်ဒရူး ပရက်နဲက ဖျက်သိမ်းကြောင်း ပြောကြားတာ ဖြစ်ပါတယ်။

 

 

နယူးဇီလန် ဘောလုံးအသင်းနည်းပြ ဒန်နီ ဟေး က ချစ်ကြည်ရေးပွဲ မကစားရတော့တဲ့အတွက် အလွန်စိတ်မကောင်းကြောင်း၊ ဉရောပမှာ နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နှုန်း မြင့်မားနေတဲ့အတွက် အသင်းနှစ်သင်းကို ကစားခိုင်းဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ပြောပါတယ်။

 

 

နယူးဇီလန် ဘောလုံး အသင်းဟာ နိုင်ငံတကာ ချစ်ကြည်ရေး ပွဲစဉ်တွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက  လစ်သူမေးနီးယား အသင်းနဲ့ ကစားပြီးနောက်ပိုင်း ချစ်ကြည်ရေးပွဲတွေ မကစားရသေးကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP