အင်္ဂလန် ဘောလုံးကလပ်အသင်း ပြိုင်ပွဲတွေမှာ ပရိတ်သတ်ကြည့်ခွင့် အစီအစဉ် ရပ်ဆိုင်းထား

၂၃ စက်တင်ဘာ

 

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များလာတဲ့အတွက် အင်္ဂလန်ဘောလုံး ကလပ်အသင်း ပြိုင်ပွဲတွေမှာ ပရိတ်သတ်ကြည့်ခွင့် အစီအစဉ်ကို ရပ်ဆိုင်းထားကြောင်း ဝန်ကြီးချုပ် ဂျွန်ဆင်က မနေ့က ပြောကြားလိုက်ပါတယ်။

 

 

ကနဦး အစီအစဉ် အနေနဲ့ ဘောလုံးပြိုင်ပွဲတွေမှာ ပရိတ်သတ် ၁,၀၀၀ တက်ရောက်ကြည့်ခွင့်ကို အောက်တိုဘာ ၁ ရက်နေ့က စတင် ခွင့်ပြုမယ်လို့ စီစဉ်ထားခဲ့ပါတယ်။

 

 

ဝန်ကြီးချုပ်က လွှတ်တော်မှာ ပြောကြားရာတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များလာတာကို တွေ့ရတဲ့အတွက် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွေ၊ ပြပွဲတွေနဲ့ အားကစားပွဲတွေကို အကြီးအကျယ် ကျင်းပဖို့ဆိုတာ မဖြစ်နိုင်သေးကြောင်း၊ အခုစည်းမျဉ်းဟာ ၆ လလောက်အထိ ကြာနိုင်ကြောင်း ပြောဆိုပါတယ်။

 

 

ပရီးမီးယားလိဒ် ဘောလုံးပွဲစဉ်တွေနဲ့ ခရစ်ကတ်ပွဲစဉ်တွေဟာ ပရိတ်သတ် မပါရှိဘဲ ပြန်လည်ကစားနေပြီ ဖြစ်ပါတယ်။

 

 

အားကစား အဖွဲ့အစည်း ၁၀၀ ကျော်ရဲ့ ခေါင်းဆောင်တွေက အရေးပေါ် အကူအညီ ရန်ပုံငွေ ပေးရန် ဝန်ကြီးချုပ် ဂျွန်ဆင် အား စာရေးအကြောင်းကြားထားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn