အင်ဂျင်နှစ်လုံးတပ် ဘိုးရင်း ၇၇၇ အိက်စ်လေယာဉ် ပထမဆုံးစမ်းသပ်ပျံသန်း

ဝါရှင်တန် ၂၇ ဇန်နဝါရီ 

အမေရိကန် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဘိုးရင်းက ကမ္ဘာ့အကြီးဆုံး အင်ဂျင်နှစ်လုံးတပ် လေယာဉ်ကြီးကို ဇန်နဝါရီ ၂၅ ရက်က ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ရာ စမ်းသပ်ပျံသန်းမှု အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

လေယာဉ် အမျိုးအစားသစ် ဖြစ်သည့် ဘိုးရင်း ၇၇၇ အိက်စ်လေယာဉ်ကို ခရီးသည် ၄၂၆ ဦး တင်ဆောင်နိုင်စေရန် ဖန်တီး ထုတ်လုပ်ခဲ့ပြီး ဗြိတိန်လေကြောင်း လိုင်းများက ၇၄၇ ဂျမ်ဘိုလေယာဉ် နေရာတွင် အစားထိုးရန်အတွက် အော်ဒါမှာထားခြင်းဖြစ်ကြောင်း သိရသည်။

ဘိုးရင်း ၇၇၇ အိက်စ်လေယာဉ် သည် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ဆီယက်တယ်အပြင်ဘက် လေဆိပ်တစ်ခုမှ ပျံသန်းထွက်ခွာခဲ့ပြီးနောက် လေးနာရီအကြာတွင် ပြန်လည် ဆင်းသက်ခဲ့သည်။

အဆိုပါ လေယာဉ်အမျိုးအစားသစ်သည် တောင်ပံအတွင်း၌ လောင်စာအသုံးပြုမှု စွမ်းရည်ကို မြှင့်တင်ရန်နှင့် ပိုမိုဝေးကွာသည့် ခရီးစဉ် ပျံသန်းနိုင်စေရန်အတွက် ပေါ့ပါးသည့် ကာဗွန်ပေါင်းစပ်ပစ္စည်း ထည့်သွင်းထားကြောင်း သိရသည်။

အေအက်ဖ်ပီ