အင်္ဂပူ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် အထကတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အင်္ဂပူမြို့နယ် ဦးစီးမှူး ဦးသိန်းရင်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်းနှင့် ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်း လုပ်ငန်းများကို လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများထံ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ထုတ်ပေးအပ်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


