အင်္ဂပူမြို့နယ်၌ စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

အင်္ဂပူ စက်တင်ဘာ ၆

 

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ မြို့မဈေးရှေ့တွင် ယနေ့ နံနက် ၆ နာရီခွဲ မှစ၍ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးကြောင်း သိရသည်။

 

အခြေခံစားသောက်ကုန်များ‌ ရောင်းချခြင်းကို အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့်၊ ဆန်အိတ်(၁၀)ကို လည်းကောင်း၊ ကြက်ဥသုံးလုံးလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ကြက်ဥ(၁၀၀၀)လုံးကို လည်းကောင်း၊ ဆားနှင့် ဟင်းသီး၊ ဟင်းရွက်များ မျိုးစုံတို့ကို သက်သာသော စျေးနှုန်းဖြင့်ရောင်းချပေးသည်။

 

အခြေခံစားသောက်ကုန်များ‌ ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးလင်းတို့က ကြည့်ရှုအားပေးခဲ့ပြီး အခြေခံစားသောက်ကုန်များကို ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ပြီး တစ်ပတ်လျှင် (၂)ကြိမ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

မန်းကျော်(ပြန်/ဆက်)