အင်းတော်မြို့နယ် ဖက်ဆွတ်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၆ ဖေဖော်ဝါရီ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ ဖေဖော်ဝါရီ ၂၄ ရက်က ကသာခရိုင် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ် ကမ်းနီကျေးရွာ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ ဖက်ဆွတ်ကြိုးဝိုင်းအတွင်းမှ တရားမဝင် ကျွန်းသစ် (၃၂)လုံး (၁၂ ဒသမ ၇၄၆၀)တန်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖေါ်ထုတ်၍ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

ကိုမျိုး