အင်းတော်မြို့နယ်ကမ်းနီကျေးရွာအနီး၌ ဆီဘောက်ဆာကားတစ်စီးတိမ်းမှောက် ယာဉ်မောင်းထွက်ပြေး

အင်းတော်   ၂၀  ဇန်နဝါရီ   

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု ကမ်းနီကျေးရွာအနီး နဘား-ကသာ ကားလမ်းမပေါ်၌ ဆီဘောက်ဆာကားတစ်စီး တိမ်းမှေက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းမှာထွက်ပြေးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက်မွန်းလွဲ ၂ နာရီခွဲက နဘားရဲကင်းစခန်းမှတပ်ကြပ်ကြီး မျိုးလွင်ထွန်းသည် နဘားကျေးရွာအုပ်စု ကမ်းနီကျေးရွာအနီး နဘား-ကသာကားလမ်းမပေါ်၌ ဆီဘောက်ဆာကားတစ်စီး တိမ်းမှောက်နေကြောင်း သတင်းရရှိသဖြင့် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ၂၂ ဘီးယာဉ် ဆီတင်ဘောက်ဆာကားမှာ နဘား-ကသာကားလမ်း မိုင်တိ်ုင်အမှတ်(၁၂/၄) ဖာလုံအနီးတွင် လမ်း၏ညာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်နေပြီး ကားရှေ့မှန်ကွဲကြေ၍ ကားဦးခေါင်းခြမ်းနှင့် ဘော်ဒီပိုင်း ပြုတ်ထွက်နေပြီး ယာဉ်မောင်းမှာထွက်ပြေးသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

 

ထို့ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မောင်ဇော်ကို အင်းတော်ရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။  

 

ကိုမင်း(အင်းတော်)

 

received_638694496