အင်းတော်မြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် လယ်ယာမြေဧက ၁၈၀၀ အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်

အင်းတော်၊‌ ဇန်နဝါရီ ၂၅

 

အင်းတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မည့် သံဘိုကျေးရွာ ကုန်ထုတ်လမ်း‌ဖောက်လုပ်ငန်းခြင်းအား ပြည်ထောင်စုခွင့်ပြုငွေ ကျပ် ၄၆ ဒသမ ၂၄ သန်းဖြင့် မြေသားတာဘောင်တင်ခြင်း၊ ဂျင်း‌ကျောက် ၉ လက်မခင်းခြင်းနှင့် BoxCulvert (၃ စင်း) တည်ဆောက်ခြင်းနှင့် မော်တိတ်ကျေးရွာတွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ် ၇၅ ဒသမ ၉၈ သန်းဖြင့် မြေသားတာဘောင်တင်ခြင်း၊ ဂျင်းကျောက် ၉ လက်မ ခင်းခြင်းလုပ်ငန်းနှင့် BoxCulvert (၃ စင်း) တည်ဆောက်ခြင်းလုပ်ငန်းများကို စိန်သစ္စာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၄ ရက်က မြို့နယ်စီမံအုပ်ချုပ်‌မှုအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်‌အောင်နှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ကုမ္ပဏီတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးကော်မတီမှ တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ လုပ်ငန်းများ အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှန်ချိန်အတွင်း အပြီးဆောင်ရွက်သွားစေလို‌ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါ လုပ်ငန်းအားလုံးပြီးစီးသွားပါက သံဘိုကျေးရွာနှင့် မော်တိတ်ကျေးရွာတို့မှ တောင်သူများ၏ လယ်ယာမြေဧက ၁၈၀၀ ခန့်မှ သီးနှံများအား ‌ဈေးကွက်သို့ အလွယ်တကူ တင်ပို့‌ရောင်းချနိုင်မည်ဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌စောနိုင်ဦးထံမှ သိရသည်။

 

ဖြိုးကျော် (ပုံတောင်မြေ)