အင်းတော်မြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်

အင်းတော် ၂ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပင်ဝယ်ကျေးရွာ အနီးတွင် ယနေ့နံနက်ပိုင်းက ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယနေ့နံနက် ၃ နာရီခန့်တွင် အင်းတော်မြို့နယ်၊ ပင်ဝယ်နယ်မြေရဲကင်းစခန်းမှူး ဒုရဲအုပ်ဝင်းကို ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ယာဉ်မောင်း အောင်မျိုးသူဆိုသူ မောင်းနှင်လာသော 7F/xxxx ဇာမနီယာဉ်လိုင်းသည် ခရီးသည် ၁၅ ဦး တင်ဆောင်မောင်းနှင်လာစဉ် အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်း မိုင်တိုင်အမှတ် 257 KM နှင့် 258 Km အကြား ပင်ဝယ်ကျေးရွာအနီး ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်ပေါ်ပါခရီးသည် ၄ ဦး ဒဏ်ရာရရှိသဖြင့် မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေပြီး ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ အောင်မျိုးသူအား ပင်ဝယ်နယ်မြေရဲကင်းစခန်းမှ ယာဉ်စည်းကမ်းဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


လူအောင်(ကသာ)