အငယ်တန်းအင်ဂျင်နီယာ (၃)မြို့ပြ အလုပ်ခွင်ဝင် Online သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၆

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ဇန်နဝါရီ ၁၀ ရက်မှ ၂၅ရက်အထိ ဖွင့်လှစ်ခဲ့သည့် အငယ်တန်းအင်ဂျင်နီယာ (၃) မြို့ပြအလုပ်ခွင်ဝင် Online သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ခေတ္တတာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်က သင်တန်းသားများ၏ Capacity Development တိုးတက်လာစေရန်၊ မျိုးဆက်သစ် လူငယ်များအနေဖြင့် ပညာရပ်များကို ကျွမ်းကျွမ်းကျင်ကျင် ဆောက်ရွက်နိုင်စေရန်၊ အင်ဂျင်နီယာ ကျင့်ဝတ်များကို လိုက်နာနိုင်စေရန်နှင့် ကျေးလက်နေ ပြည်သူများ၏ အကျိုးစီးပွား၊ လူမှုရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန် စိတ်စေတနာကောင်းများဖြင့် ဆောက်ရွက်ကြရန် ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းသို့ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ (၃) မြို့ပြ သင်တန်းသား၊ သင်တန်းသူ ၈၂ ဦးတက်ရောက်ပြီး ခေတ္တတာဝန်ခံ ညွှန်ကြားရေးမှူးချုပ်က သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn