အနိုင်ကျင့်ခံရမှုတွေကြောင့် ဖိလစ်ပိုင်အလုပ်သမားတွေ ကူဝိတ်မသွားဖို့ ဒူတာတေး တားမြစ်ဖွယ်ရှိ

ဖိလစ်ပိုင် ၁၉ ဇန်နဝါရီ

ပြီးခဲ့တဲ့ လများအတွင်းက ဖိလစ်ပိုင် အိမ်အကူ အလုပ်သမားတွေ အနိုင်ကျင့်ခံရမ ှုဖြစ်ပွားခဲ့တာကြောင့် ကူဝိတ်ကို အလုပ်သမား စေလွှတ်မှုအပေါ် ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ တားမြစ်သွားဖွယ်ရာရှိလို့ ရိုက်တာသတင်း တစ်ရပ်အရ သိရပါတယ်။

ကူဝိတ်မှာ ဖိလစ်ပိုင်အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားအနိုင်ကျင့်ခံရမှုတွေကို သတိထား မိတာ ကြာပြီလို့ ဒူတာတေးက ပြောခဲ့ပြီး အဆိုပါ ကိစ္စအပေါ် ကူဝိတ်အစိုးရနဲ့ အရှိန်မြှင့် ဆွေးနွေးသွားဖို့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။သူတို့ကို အမှန်တရားအကြောင်း ချပြဆွေး နွေးသွားမှာ ဖြစ်ပြီး နောက်ထပ်ဒီလိုကိစ္စကိုလက်သင့်ခံမှာ မဟုတ်ကြောင်း ပြောဆိုမယ်လို့ နိုင်ငံခြားရောက် ဖိလစ်ပိုင်တွေအတွက်ပြုလုပ်တဲ့ ဘဏ်အသစ်ဖွင့်ပွဲတစ်ခုမှာ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ အနိုင်ကျင့်ခံ ရမှု အသေးစိတ် အချက်အလက်တွေကိုတော့ သူကပြောဆို ွားတာမရှိပါဘူး။

ကူဝိတ်ကို သွားရောက်မှုအတွက် လုံးလုံးလျားလျားတားမြစ်တာအပြင် စိစစ်မှုတွေပြုလုပ်သွားမှာ ဖြစ် တယ်လို့ သူကပြောပါတယ်။ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဆိုပါ ကိစ္စရပ်အပေါ် မှတ်ချက် တစ်စုံတစ်ရာ ပေးခြင်းမရှိသေးသလို ဒူတာတေးရဲ့ပြောဆိုမှုအပေါ် ရိုက်တာက မေးမြန်းထားချက်ကို မနီလာမှာရှိတဲ့ ကူဝိတ်သံရုံးကလည်း ချက်ချင်းတုန့်ပြန်ခြင်းမရှိသေးပါဘူး။

ကူဝိတ်မှာ ဖိလစ်ပိုင် အလုပ်သမားပေါင်း ၂၅၀ဝ၀ဝ ကျော် သွားရောက်အလုပ်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ အဆိုပါ အလုပ်သမားအများစုဟာ အိမ်အကူအလုပ် လုပ်ကိုင်ကြတဲ့သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။ အာရပ်စော်ဘွား များပြည် ထောင်စု၊ ဆော်ဒီအာရေဗျနဲ့ ကာတာတို့မှာလည်း ဖိလစ်ပိုင်အလုပ်သမား အမြောက်အမြား အလုပ်လုပ် ကိုင်လျက်ရှိတယ်လို့သိရပါတယ်။

ဖိလစ်ပိုင်လူမျိုး ၂ ဒသမ ၃ သန်းကျော်ဟာ နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်ကိုင်ကြသူတွေဖြစ်ပြီး ၎င်းတို့အထဲမှာ ၈ သန်းခန့်ဟာ နိုင်ငံခြားမှာနေထိုင်သူတွေဖြစ်ပါတယ်။အလုပ်သမားတွေဟာ သူတို့ရဲ့ ဝင်ငွေ ဒေါ်လာ ၂ ဘီလီယံကျော်ကို လစဉ်ဖိလစ်ပိုင်ကိုပြန်ပို့ပေးနေတာလည်းဖြစ်ပါတယ်။ သမ္မတ ဒူတာတေးကတော့ ကူဝိတ်နဲ့ ပြဿနာမဖြစ်ချင်ဘူးလို့ ဆိုပါတယ်။

(MDN)

ကိုးကား-ရိုက်တာ