အန်တိုနီ ဘလင်ကန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆို

၂၇ ဇန်နဝါရီ

 

 

အထက်လွှတ်တော်၏ အတည်ပြုချက် ရရှိပြီးနောက် အန်တိုနီ ဘလင်ကန်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် ဖြစ်လာခဲ့သည်။

 

 

အသက် ၅၈ နှစ်အရွယ် ရှိပြီဖြစ်သည့် အန်တိုနီ ဘလင်ကန်သည် ယမန်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။

 

 

သမ္မတ ဂျိုးဘိုင်ဒင် အမည်စာရင်း တင်သွင်းသည့် ဘလင်ကန် က ထောက်ခံမဲ ၇၈ မဲ၊ ကန့်ကွက်မဲ ၂၂ မဲဖြင့် တနင်္လာနေ့ အစောပိုင်းက အထက်လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

 

 

သမ္မတ ဘားရတ် အိုဘာမား၏ ပထမ သက်တမ်းအတွင်း ဘလင်ကန်က ဒုသမ္မတ၏ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဘားရတ် အိုဘာမား၏ ဒုတိယ သက်တမ်းတွင်လည်း ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်