အပြာရောင်ကမ္ဗည်းပြားတပ်ဆင်နိုင်ဖို့ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင် ရှေးဟောင်းအဆောက်အဦတွေကို စာရင်းပြုစုနေ

ရန်ကုန် ၂၄ အောက်တိုဘာ


ရန်ကုန်မြို့မှာသက်တမ်းနှစ်တစ်ရာကျော်တဲ့ ရှေးဟောင်းအဆောက်အဦ ၁၈၉ လုံးရှိတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပြီး ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကတော့ ရှေးဟောင်းအဆောက်အဦတွေမှာ အပြာရောင်ကမ္ဗည်းပြားတပ်ဆင်နိုင်ဖို့ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင် ရှေးဟောင်းအဆောက်အဦတွေကို စာရင်းပြုစုနေတယ်လို့ ပြောပါတယ်။


ဒီလို အပြာရောင်ကမ္ဗည်းတပ်ဆင်တာတွေအတွက် အဆောက်အဦးတစ်ခုရဲ့ သက်တမ်းဟာ နှစ်တစ် ရာကျော် ရှိရမှာဖြစ်ပေမဲ့ သမိုင်းတန်ဖိုးအရ  အရေးပါတဲ့အရာတွေ၊ ရှေးခေတ်ဗိသုကာလက်ရာတွေရဲ့ တန်ဖိုးတွေအပါအဝင် အခြားတန်ဖိုးရှိတဲ့ အရာတွေရှိနေတဲ့  ရှေးဟောင်းအဆောက်အဦတွေဟာ လည်း ရန်ကုန်မြို့မှာ အလုံး ၇၀ ကနေ ၈၀ အထိရှိနေပါတယ်။


“ ဒီနေ့ ရန်ကုန်ဆေးရုံကြီးကို  ၁၉ ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် အဖြစ် အပြာ ရောင် ကတ်ပြားတပ်ဆင်တာပါ။ ကျွန်မတို့ အနေနဲ့ပ ဒီလိုအပြာရောင် ကပ်ပြားတပ် ဆင်ဖို့ အတွက် နှစ်တစ်ရာသက်တမ်းရှိတဲ့  အဆောက်အအုံကို သတ်မှတ်ရွေးချယ်တာပါ ။ဒါပေမဲ့ နှစ် ၇၀ ၊ ၈၀ ရှိတဲ့ သမိုင်းတန်ဖိုးအရ အရေးပါတဲ့ အဆောက်အ အုံ တွေ ကိုလည်း မြို့ပြအမွေအနှစ်အဖြစ် ထည့်သွင်း တာမျိုးတွေ ရှိပါတယ် “ လို့  ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ရဲ့ လူထုဆက်ဆံရေးအရာရှိက ပြောပါတယ်။


ဒီလိုကမ္ဗည်းပြားတပ်ဆင်ခြင်းအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ရန်ကုန်မြို့အနှံ့မှာရှိတဲ့ သမိုင်းဝင် နေရာ တွေကို လေ့လာခြင်း၊ ကမ္ဗည်းပြားများ ထုတ်လုပ်ခြင်းနဲ့ တပ်ဆင်ခြင်းတွေအတွက် Royal Philips Corporation က အမေရိကန် ဒေါ်လာ ၇၅,ဝ၀ဝ ကို ထောက်ပံ့ပေးအပ်ထားပါတယ်။


MDN