အပြောင်းအလဲများနှင့် လိုက်လျောညီထွေ

mdn

နေပြည်တော် ၂၄ မေ

 

ယမန်နှစ် ဒီဇင်ဘာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ထောင်ပေါ်ပေါက်လာ ပြီးနောက် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကူးစက်ပျံ့နှံ့သွားခဲ့ချိန်မှစ၍ ကမ္ဘာမြေ၏လည်ပတ်မှု တုံ့ဆိုင်းနှေးကွေးသွားခဲ့သည်ဟု တင်စားနိုင်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ရာခန့်ကာလအတွင်း စက်မှုတော်လှန်ရေးတို့ တစ်ဆင့်ပြီးတစ်ဆင့် ဆင်နွှဲနိုင်ခဲ့ခြင်းနှင့်အတူ လူသားတို့က တာဝတရားကြီးကို အံတုဘက်ပြိုင်ကာ သတ္တလောက၏ ထိပ်ဆုံးနေရာကို ပြိုင်ဘက်မရှိ ရယူထားပြီး မြေပြင် ပေါ်မှာသာမက သမုဒ္ဒရာရေပြင်နှင့် အာကာသကောင်ကင်တို့ကိုပါ လွှမ်းမိုးထားခဲ့သည်။ လူသားတို့၏ အလွန်အကျွံထုတ်ယူမှု၊ အလွန်အကျွံသုံးစွဲမှုတို့မှ ထွက်ပေါ်လာသည့် အကြီးမားဆုံးသော ဘေးထွက်ဆိုးကျိုးမှာ မြေကမ္ဘာ၏ ကျန်းမာရေးချို့ယွင်းလာခြင်း သို့မဟုတ် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာခြင်သင် ဖြစ်သည်။

 

ရာသီသွေ့တုပြောင်းလဲလာခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းခြင်း တို့က ကူးစက်ရောဂါများ ပျံ့နှံ့ဖြစ်ပွားမှုတို့ အတွက်တိုက်ရိုက်အားဖြင့် မဟုတ်လျှင်ထိ တစ်နည်းတစ်ဖုံ ဆက်နွယ်နေဖွယ်ရှိသည်။ အပြန်အလှန် အားဖြင့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို အကြောင်းပြု၍ လူသားကမ္ဘာကြီးတစ်ခုလုံး တစ်ပြိုင် တည်းဆိုသလို လှုပ်ရှားသွားလာမှုတို့ နှေးကွေးရပ်တန့်သွားသောအခါ သဘာလောကကြီးမှာလည်း ကြည်လင် လန်းဆန်းလာသည်။ ပြန်လည် နာလန်ထူလသည်။ လူသားတို့၏ နေ့စဉ် အနေအထိုင်အပြုအမူ အလေ့အထနှင့် လူတို့၏ယဉ်ကျေးမှုတစ်စိတ်တစ်ပိုင်းကိုပင် ကိုရိုနာဗိုင်းရပ်စ်က လွှမ်းမိုးလိုက်သည့် အခြေအနေသို့ ရောက်ရှိသွားပြီ ဟုပင် ဆိုရတော့မည်ဖြစ်သည်။

 

လက်ဆွဲနှုတ်ဆက်ခြင်းနှင့်ပွေ့ဖက်နှုတ်ဆက်ခြင်းတို့ပြုလုပ်၍ မရတော့။ ဓလေ့ထုံးစံအရဖြစ်စေ၊ ဘာသာရေး အရဖြစ်စေ စုဝေးမှု ဘို့ကိုလည်း ရှောင်ရှားကြရပြီ။ လူအချင်းချင်းချစ်ခင်လျှင် ဝေးဝေး နေကြရတေမည်။ ကော်ဖီဆိုင်၊ လက်ဖက်ရည်ဆိုင်တို့သည် ချိန်းဆို တွေ့ဆုံကာ စကားဖောင်ဖွဲ့ရသည့်နေရာများ မဟုတ်တော့။ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရန် အန္တရာယ်များသည့် နေရာတစ်ခုဖြစ်သည့် အတွက် မြန်မြန်သောက်၊ မြန်မြန်ရှင်းပြီး မြန်မြန်ပြန်ကြခြင်းက အကောင်းဆုံးဖြစ် သည်။ ဘတ်စ်ကား၊ မြို့ပတ်ရထား စသည့် အများသုံးယာဉ်များ စီးနင်းခြင်းထက် စက်ဘီးဖြင့် သွားလာခြင်းက ထိုင်းရပ်စ်ကူးစက်မှုကင်းဝေးစေသလို ကျန်းမာရေးအတွက်လည်း မကောင်းမွန်သည်။ သို့ရာတွင် စက်ဘီးလမ်များ သီးသန့်ထားပေး ခြင်း၊ ယာဉ်အန္တရာယ်မဖြစ်ပွားအောင် ထိန်းသိမ်းကြပ်မတ်ခြင်းတို့လည်း လိုအပ်သည်။ တေးဂီတပွဲများ၊ ဇာတ်ပွဲများ၊ ရုပ်ရှင်များ၊ အားကစားပွဲ များတို့သည်လည်း အွန်လိုင်းနှင့် တီဗွီချန်နယ်များမှ ကြည့်ရှုကြရမည့်ပွဲများ ဖြစ်သွားခဲ့ပြီ။ ကိုရှိနဆိုင်းရပ်စ်ကို အကြောင်း ပြု၍ လူတို့ပြုလုပ်ကြရသည့် အပြောင်းအလဲများမှာ များပြားလှပါသည်။

 

ဤနေရာတွင် အဓိကအားဖြင့်ဆိုလိုချင်သည်မှာ မဖြစ်မနေ မပြောင်းလဲကြရသည့် အပြောင်းအလဲများနှင့်အတူ လိုက်လျောညီထွေစွာ နေထိုင်နိုင်ကြရေးပင်ဖြစ်သည်။ ဤသို့ နေထိုင်ကြရခြင်းသည် ရောဂါဘယကူးစက်မှုမှ လွတ်ကင်းနိုင်ရေးနှင့် မိမိတို့တစ်ဦးချင်းစီ၏ နေ့စဉ်လူမှုဘဝများကိုလည်း အဆင်ပြေပြေဆောင်ရွက်နိုင်ရေး အတွက် ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် ကြာဦးမည်ဟု ဆိုနေကြသည့်ဗိုင်းရပ်စ်နှင့်အတူနေမည်ဆိုလျှင် မိမိတို့ အားလုံး ထိန်းထိန်းသိမ်းသိမ်း နေနိုင်ကြဖို့လိုသည်။ ကျန်းမာရေးအတွက် လမ်းညွှန်ချက်များကို မှတ်သားလိုက်နာကြဖို့ လိုသည်။ ဟိုကိုင်သည်ကိုင် ကိုင်တတ်သည့် လက်များကို မကြာမကြာဆေးကြရမည်။ မမြင်နိုင်သည့် ပိုးမွှားများကို မရှူမိစေရန် ပါးစပ်နှခေါင်းစည်းတပ်ကြရ မည်။ မိမိအပါအဝင် မည်သူက ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသည် ကို မသိနိုင်သည့်အတွက် ဆဲခွာခွာနေကြရမည်။ အပြောင်းအလဲ များနှင့်အတူ လိုက်လျောညီထွေစွာ နေထိုင်ခြင်းသည် မိမိကိုယ်တိုင် ကျန်းမာရှင်သန်ရေးအတွက်သာ ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း