အပေးအယူ

အတတ်ပညာ

မပြတ်သင်ကာ ဖွေရှာမှ။

လောကလယ် ဂုဏ်ရှိန်မြင့်

ကြွားဝင့် တောက်ပ။ ။

လုပ်ငန်းတွင် အသုံးချလို့

မရှုံးဘဝ အောင်မြင်ချင်

စူးစမ်းနေ့စဉ်။

အမှားကိုမြင်

ပြုပြင်လို့ မှတ်သား။

သင်ခန်းစာယူ ထိုအကျိုးမှာ

တန်ဖိုးကများ။ ။

ပညာလို မာန်မထားနဲ့

ကြိုးစားလို့ လေ့လာ။

အောင်ပန်းမှာ လက်တစ်ကမ်း

ဆွတ်လှမ်းနိုင်မှာ။

အတတ်ပညာ

ဘယ်ခါမှ မပျက်စီး။

ဘဝတိုတို

အလှချိုချို ပိုင်ဆိုင်ကြမယ်

လောက ခရီး။ ။

မေသူ(တမာတော)