အပန်းဖြေကမ်းခြေများတွင် တယ်လီနော၏ 4G LTE ဝန်ဆောင်မှုရရှိ 

ရန်ကုန် ၉ နိုဝင်ဘာ


ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ငွေဆောင်နှင့် ချောင်းသာကမ်းခြေ၊ ရခိုင်ပြည်နယ်ရှိ ငပလီ ကမ်းခြေတို့တွင် နိုဝင်ဘာ ၁ ရက်မှ စတင်ကာ တယ်လီနော၏ 4G LTE ဝန်ဆောင်မှုများကို ရရှိပြီဖြစ်ကြောင်း သိရသည်။


''မြန်မာနိုင်ငံအတွင်းက ကမ်းခြေတွေဟာ ပြည်တွင်းမှာသာမက ကမ္ဘာတစ်ဝန်းမှာပါ လူသိများပြီး အထူးသဖြင့် ပွင့်လင်းရာသီတွေမှာ ပြည်တွင်းနဲ့ နိုင်ငံတကာက ခရီးသွား ဧည့်သည်တွေ အမြဲလာ ရောက်တတ်ကြတဲ့ လည်ပတ်စရာ နေရာတွေ ဖြစ်ပါတယ်၊ ဒီနှစ်ရဲ့ ခရီးသွားရာသီ စတင်တဲ့အချိန်မှာ ဒီကမ်းခြေတွေကို သွားရောက်လည်ပတ်ကြမယ့် ခရီးသွားတွေအနေနဲ့ တယ်လီနောရဲ့ 4G LTE ကွန်ရက်ကိုသုံးပြီး အင်တာနက်သုံးစွဲမှုတွေကို ရရှိနိုင်ကြပြီဖြစ်ပါတယ်၊ ကမ်းခြေမှာ အပမ်းဖြေ အနားယူရင်း HD ဗီဒီယိုတွေကို အပြတ်အတောက်မရှိ ကြည့်ရှုနိုင်မယ်၊ ဂိမ်းတွေကို အထစ်အငေါ့ ကင်းကင်းလည်း ကစားနိုင်မယ်၊ လူမှုကွန်ရက်တွေကိုလည်း အကောင်းဆုံး အသုံးပြုနိုင်ကြမှာဖြစ်တဲ့အတွက် သုံးစွဲသူတွေရဲ့ ပျော်ရွင်စရာ အနားယူချိန်တွေကို ပိုမိုပြည့်စုံစေမှာ ဖြစ်ပါတယ်'' ဟု တယ်လီနော မြန်မာ၏ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောသည်။


သုံးစွဲသူများအနေဖြင့် ကောင်းမွန်သည့် အင်တာနက် ဝန်ဆောင်မှုများကို အပြတ်အတောက်မရှိ အသုံးပြုနိုင်ရန် ဒေတာစုဘူးကဲ့သို့ ဈေးနှုန်းချိုသာသည့် အင်တာနက်ဒေတာ အစီအစဉ်များကို ရယူအသုံးပြုကြပါရန်လည်း တယ်လီနောမှ သုံးစွဲသူများကို အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။


သုံးစွဲသူများအား ကောင်းမွန်သည့် ဝန်ဆောင်မှု


အတွေ့အကြုံများ ရရှိစေရန် 4G LTE ကွန်ရက် တိုးချဲ့မှုကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ကမ္ဘာတစ်ဝန်း အင်တာနက်အသုံးပြုသူ များကို အခြေပြု၍ မိုဘိုင်း ကွန်ရက်အခြေအနေများကို ထုတ်ပြန်ပေးသည့် ကွန်ရက်စံနှုန်းပြ စီမံကိန်း တစ်ခုဖြစ်သော Open Signal ဖြင့် တိုင်းတာမှုများအရ တယ်လီနော၏ ကွန်ရက်သည် မြန်မာနိုင်ငံတွင်း နေထိုင်သူအများစုအတွက် ကောင်းမွန် မြန်ဆန်သည့် အင်တာနက်နှုန်းဖြင့် ဝန်ဆောင်မှု ပေးအပ်လျက်ရှိကြောင်း သိရသည်။


လက်ရှိတွင် တယ်လီနောတာဝါတိုင်ပေါင်း ၈ဝဝဝ နီးပါးရှိသည့် မြန်မာနိုင်ငံ၏ အင်တာနက်ဒေတာ ကွန်ရက်မှတစ်ဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနှင့် နေပြည်တော်ရှိ သုံးစွဲသူပေါင်း ၁၉ သန်း ကျော်ကို ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်ဟု သိရသည်။


ALEX