အပူပိုင်း မုန်တိုင်း နာရီ ဂျပန်အရှေ့ပိုင်းသို့ ဦးတည်တိုက်ခတ်နေ

၂၆ ဇူလိုင်

 

ဂျပန်အရှေ့ပိုင်း ပစိဖိတ်ကမ်းရိုးတန်းဒေသများသို့ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် အပူပိုင်းမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအရာရှိများက ပြောကြားခဲ့သည်။


အပူပိုင်းမုန်တိုင်းနာရီသည် သောကြာနေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံမြောက်ပိုင်းသို့ ရွေ့လျားနေကြောင်း မိိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

 

ဂျပန်နိုင်ငံ ကမ်းရိုးတန်းဒေသများသို့ မိုးရေချိန် ၅၀ မီလီမီတာအထိ ရောက်ရှိနိုင်ပြီး မိုးကြိုးမုန်တိုင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါ အေဂျင်စီက ပြောကြားခဲ့သည်။ 

 

ကန်တိုကူရှီ ဒေသတွင် မိုးရေချိန် ၈၀ မီလီမီတာအထိရောက်ရှိနိုင်ပြီး တိုကီဒေသတွင် စနေနေ့ နံနက်ရွာသွန်းသော မိုးရေချိန်မှာ ၁၅၀ မီလီမီတာအထိ ရောက်ရှိနိုင်ကြောင်း ၄င်းတို့က ပြောကြားခဲ့သည်။

 

မြေပြိုမှုများ၊ ရေကြီးမှုများနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သဖြင့် မိမိကိုယ်ကို ကာကွယ်ရန်နှင့် နောက်ဆုံးရ ရာသီဥတု သတင်းများကို နားထောင်ကြရန် အဆိုဒေသနေထိုင်သူများကို သတိပေးလျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်