အပူပိုင်းလေဖိအားနည်းရပ်ဝန်းက တိုင်ဖွန်းမုန်တိုင်းအဖြစ် ပြောင်းလဲလာနိုင်

ဂျပန်နိုင်ငံတောင်ဘက်ပိုင်းကျွန်းများကို တိုက်ခတ်လာနေသည့်  အပူပိုင်းလေဖိအားနည်းရပ်ဝန်းတစ်ခုမှာ တိုင်ဖွန်းမုန်တိုင်းအဖြစ် ပြောင်းလဲတိုက်ခတ်ခဲ့နိုင်ပြီး တိုင်းပြည်အနှံ့ မိုးများရွာသွန်းစေခဲ့သည်။

စိုထိုင်းနေသော လေထုသည် တိုင်းပြည်တွင်း မိုးများရွာသွန်းခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီဌာနက ပြောကြားသည်။

ယနေ့ နံနက် ၁၀နာရီမှ ၁၁နာရီအတွင်း မိုးများရွာသွန်းခဲ့ပြီး ကိုနန်မြို့၏ ကိုချီစီရင်စုတွင် မိုးရေချိန် ၆၃မီလီမီတာအထိ ရောက်ရှိခဲ့သည်။

လေထုမငြိမ်မသက်မှု အခြေအနေများကြောင့် လာမည့်နာရီအနည်းငယ်အတွင်း ဂျပန်ပင်လယ်ပြင်အနီးအရှေ့ဘက်နှင့် မြောက်ဘက်သို့ ရွေ့လျားမည်ဟု မျှော်လင့်ရသည်။

သောကြာနေ့တွင် ဂျပန်နိုင်ငံ အရှေ့ပိုင်းသို့ မုန်တိုင်း ဝင်ရောက်မည်ဖြစ်ပြီး ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ကြာသပတေးနေ့ ညဦးယံအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး အဆိုပါ ဒေသတွင် မိုးကြိုးမုန်တိုင်းများ ဖြစ်ပွားနိုင်သည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။

အနိမ့်ပိုင်းတွင် နေထိုင်သူများသည် မြစ်ရေလျှံမှုများဖြစ်ပွားပြီး ရေကြီးမှုများ မြေပြိုမှုများ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါ ဒေသတွင် နေထိုင်သူများအဖို့ သတိဖြင့် နေထိုင်ကြရန် အဆိုပါ အေဂျင်စီက သတိပေးလျက်ရှိသည်။ လေဆင်နှာမောင်းများ၊ မိုးကြိုးမုန်တိုင်းများ နှင့် လေပြင်းတိုက်ခတ်မှုများကို သတိပြုရန် အကြံပေးထားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်