အပူပိုင်းမုန်တိုင်း ကျူရူးကျွန်းသို့ တိုက်ခတ်၊ ပြည်သူများကို ဘေးကင်းရာသို့ပြောင်းရွှေ့ရန် တိုက်တွန်း

ဂျပန်နိုင်ငံတောင်ပိုင်း ကျူရှူးကျွန်းပေါ်တွင် တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့်  ပြည်သူများမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းများ တိုက်ခတ်ခြင်းတို့ ကြုံတွေ့ရလျက်ရှိသည်။ 

တိုင်ဖွန်းမုန်တိုင်း ဖရန်စစ်စကိုသည် နံနက် ၅ နာရီအချိန်တွင် မီယာဇာစီးတီးကမ်းခြေအနီးသို့ တိုက်ခတ်ခဲ့ပြီး အပူပိုင်းမုန်တိုင်းတစ်ခုအဖြစ် အရှိန်လျော့ခဲ့ကြောင်းဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီက ပြောကြားသည်။

အဆိုပါ ဒေသ၏ အချို့အစိတ်အပိုင်းများတွင် မိုးများရွာသွန်းပြီး မိုးရေချိန် ၁၂၀ မီလီမီတာအထိ ရောက်ရှိနိုင်ကြောင်း  မြေပြိုမှုများအတွက် သတိပေးချက်များ ထုတ်ပြန်လျက်ရှိပြီး ထိုဒေသတွင် နေထိုင်သူများကို တာဝန်ရှိသူများက သတိပေးလျက်ရှိသည်။

အဆိုပါ ဒေသအတွင်း နေထိုင်ကြသည့် အိမ်ပေါင်း ၁၇၀ဝ၀မှာ လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း ကျူရှူး လျှပ်စစ်ကုမ္ပဏီက ပြောကြားခဲ့သည်။ 

သဘာဝဘေးအန္တရာယ်များက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကိုလည်း ထိခိုက်စေလျက်ရှိသည်။ ကျူရှူးကျွန်းမှ ထွက်ခွာမည့် ပြည်တွင်းလေကြောင်းခရီးစဉ် ၂၂၀မှာလည်း ဆိုင်းငံ့ထားခဲ့ရသည်။

အချို့ဒေသများတွင်လည်း ရထားလမ်းများကို ရပ်ဆိုင်းထားခဲ့ရပြီး  ဒေသအတွင်းရှိ ကျဉ်ဆန်ရထားများ ပြေးဆွဲနေသော်လည်း နှောင့်နှေးမှုများ သို့မဟုတ် ဖျက်သိမ်းမှုများ ပြုလုပ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မီယာဇန်ကီစီရင်စုတွင် နေထိုင်သည့် လူပေါင်း ၃၀ဝ၀ခန့်ကို နံနက် ၉နာရီ ၃၀မိနစ်အချိန်တွင် ဘေးကင်းရာသို့ ပြောင်းရွေ့ရန် အကြံပေးခဲ့သည်။  

 

mdn

 

ဆန်ကီမြို့အပါအဝင် အိုတာစီးတီးအတွင်း  ခရိုင်လေးခုတွင် နေထိုင်သည့်  လူပေါင်း ၄၅၀ဝကို နံနက် ၁၀နာရီ အချိန်တွင် ဘေးကင်းရာသို့ ပြောင်းရွေ့ရန် အကြံပေးခဲ့သည်။

ကစ်ကူရှူးမြို့ ဖူကာကို စီရင်စုအတွင်းရှိ ကမ်းရိုးတန်းတွင် နေထိုင်သည့် လူပေါင်း ၂၀ဝ၀ဝခန့်ကို မုန်တိုင်းအရှိန်ကြောင့် လှိုင်းများကြီးနိုင်သဖြင့် ဘေးကင်းရာသို့ ရွေ့ပြောင်းရန် အကြံပြုခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်