အပူပိုင်းမုန်တိုင်း ပါဘက် ဖြတ်သန်းရာထိုင်းနိုင်ငံ နိုင်ငံမြို့များမှ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မိုးလေဝသအထူးသတိပေးချက် မြန်မာသံရုံးမှထုတ်ပြန်ထား

ဗန်ကောက် ၃ ဇန်နဝါရီ 

 

အပူပိုင်းမုန်တိုင်း ပါဘက် ဖြတ်သန်းရာ ထိုင်းနိုင်ငံနိုင်ငံတောင်ပိုင်းမြို့များတွင် သွားရောက် အလုပ်လုပ်ကိုင်လျှက်ရှိသည့်  မြန်မာအလုပ်သမားများ သတိပြုနေထိုင်ကြရေး မြန်မာသံရုံးတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက မိုးလေဝသအထူးသတိပေးချက်များ ထုတ်ပြန်အသိပေးထားကြောင်း သိရသည်။

 

Mdn

 

ထုတ်ပြန်ချက်များတွင် မုန်တိုင်းမှာ အနောက်ဘက်သို့ တဖြည်းဖြည်းရွှေ့လျားနေကြောင်း၊ အဆိုပါ မုန်တိုင်းသည် အင်ဒိုချိုင်းနားမှတဆင့် ဇန်နဝါရီ ၂ရက်မှ၃ရက်အတွင်း ထိုင်းပင်လယ်ကွေ့သို့ ရောက်ရှိနိုင်ကြောင်း၊ ၎င်းမုန်တိုင်းသည် ဇန်နဝါရီ (၄)ရက်နေ့ ညဦးယံ၌ ထိုင်းနိုင်ငံတောင်ပိုင်းဒေသများဖြစ်ကြသည့် ချွန်ဖော်ခရိုင်၊ ဆူရတ်ဌာနီခရိုင်သို့ ရောက်ရှိလာနိုင်ပြီး ဇန်နဝါရီလ ၃ရက်မှ၅ရက်အတွင်း ထိုင်းတောင်ပိုင်းဒေသများတွင် မိုးလေဝသကို သတိပြုရန်နှင့် ၎င်းဒေသများတွင် မိုးရွာသွန်းမှုပိုမိုများပြားကာ အချို့ဒေသများတွင် မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် သတိထားရန်လို အပ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။

 

mdn

 

ဇန်နဝါရီလ (၃ရက်မှ၄ရက်)အတွင်း ဒေသအချို့တွင် မိုးအနည်းငယ် ရွာသွန်းကာ အချို့ခရိုင်များတွင် လေတိုက်နှုန်းနှင့် မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်သဖြင့် အဆိုပါဒေသများအတွင်း နေထိုင်ကြသည့်ပြည်သူများ၊ လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားမိသားစုများ၊ ကမ်းရိုးတန်းတစ်လျှောက် နေထိုင်ကြသည့် ပြည်သူလူထုများနှင့် အထူးသဖြင့် ပင်လယ်ငါးဖမ်းလုပ်ကိုင်ကြသည့် လုပ်သားများ သဘာဝဘေးအန္တရာယ် ကင်းဝေးစေရန် အထက်ဖော်ပြပါကာလအတွင်း သတိပြုနေထိုင်ကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)


 

mdn