အရာထမ်းအခြေခံသင်တန်းအမှတ်စဉ်(၂၁၀) သင်တန်းဖွင့်

ရန်ကုန်  ၆  မေ  

 

အရာထမ်းအခြေခံသင်တန်းအမှတ်စဉ်(၂၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာ ပြည်)၊ အုန်းတောခန်းမ၌ ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍  သင်တန်းဖွင့်အမှာစကားပြောကြားသည်။  

 

ယင်းသင်တန်းဖွင့်ပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ကျောင်းအုပ်ကြီး/ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခ(ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက် ကထိကများ၊ နည်းပြများနှင့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၀)သို့ တက်ရောက် ကြမည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးအရာရှိအဆင့်ရှိ သင်တန်းသား(၆၁)ဦး၊ သင်တန်းသူ(၇၉)ဦး၊ စုစုပေါင်း(၁၄၀) တက်ရောက် ပြီး သင်တန်းကာလမှာ ရက်သတ္တ(၁၂)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)