အရှေ့အခြေစိုက် သူပုန်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးဟု လစ်ဗျားအစိုးရ စွပ်စွဲပြောဆို

၆ နိုဝင်ဘာ

 

ကုလသမဂ္ဂ ကျောထောက်နောက်ခံ လစ်ဗျားအစိုးရက လစ်ဗျားနိုင်ငံတောင်ပိုင်း မြို့တော် ထရီပိုလီ တွင် အရှေ့အခြေစိုက် သူပုန်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့သည် ဟု ယမန်နေ့က  စွပ်စွဲပြောဆိုခဲ့သည်။

 

အရှေ့အခြေစိုက် သူပုန်အုပ်စုသည် ထရီပိုလီတောင်ပိုင်း Ain Zara ရှိ Rapid Interference Force ဌာနချုပ်ကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထရီပိုလီအခြေစိုက် အစိုးရ က ထိုထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 

ထရီပိုလီ အရှေ့ဘက် ၄၅၀ ကီလိုမီတာအကွာ ဆာတီမြို့ရှိ အစိုးရလုံခြုံရေး တပ်ဖွဲ့များကို အရှေ့အခြေစိုက် အုပ်စု၏ ဒရုန်းယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုကြောင့်  စစ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထိုကြေညာချက်တွင် ပြောကြားထားသည်။

 

အရှေ့အခြေစိုက်အုပ်စုက ဆာတီနှင့် ဂါယန်တို့ရှိ အစိုးရတပ်ဖွဲ့များ၏ စစ်စခန်းများကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထရီပိုလီ တောင်ပိုင်းရှိ အစိုးရ တပ်ဖွဲ့ဝင် ၃၀ ကို ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်း တို့ကိုလည်း  ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

ထိုတိုက်ခိုက်မှုများကြောင့် ထောင်ချီရှိသော ပြည်သူများ သေကြေဒဏ်ရာ ရရှိခဲ့ကြပြီး လူထောင်ပေါင်းများစွာ ၎င်းတို့ နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ကြသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို