အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်အထူးသံတမန် ရာထူးမှနှုတ်ထွက်

၆ စက်တင်ဘာ

အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်အထူးသံတမန် ဂျာဆွန် ဂရီးဘလတ်သည် ၎င်း၏  ရာထူးမှ နှုတ်ထွက်သွားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ဆိုသည်။

 

ထရန့်က ယမန်နေ့က တွစ်တာတွင် ရေးသားထားခဲ့သော်လည်း ၎င်းသံတမန်သည် မည်သည့်အချိန်တွင် မည်သည့်အတွက်ကြောင့် နှုတ်ထွက်မည်ကို ဖော်ပြခြင်း မရှိပေ။

 

အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံတို့အတွက် အမေရိကန် ငြိမ်းချမ်းရေး စီမံချက်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းအားထုတ်ရာတွင် ဂရီးဘလတ် ပါဝင်လုပ်ဆောင်ခဲ့သည်။

 

အမေရိကန်ဦးဆောင်သော ငြိမ်းချမ်းရေးအစီအစဉ်ကို ပါလက်စတိုင်းတို့က ပြစ်တင်ဝေဖန်ကြသည်။ အမေရိကန်နိုင်ငံသည် ၎င်းတို့ကို ရင်ကြားစေ့ရန် ကြိုးစားနေသည် ဟု ၎င်းတို့က ဆိုသည်။

 

စက်တင်ဘာ ၁၇ ရက်နေ့တွင်  အစ္စရေး အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဆိုင်ရာ ၎င်း၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ဖော်ပြောကြားမည် ဟု ထရန့်အစိုးရက ဆိုသည်။

 

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို