ဘန်ကောက် ဧပြီ ၈
အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်သင်္ဘောတစ်စင်း ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် ဘန်ချက်စီရာချာ ရေနံချက်စက်ရုံဆိပ်ကမ်းသို့ ဘေးကင်းစွာဆိုက်ရောက်လာခဲ့ကြောင်း ဘန်ချက်အများပိုင်ကော်ပိုရေးရှင်းကုမ္ပဏီက ဧပြီ ၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
အဆိုပါ ရေနံတင်သင်္ဘောကြီးတွင် အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းစည်ပေါင်း ၇၀၀၀၀၀ နီးပါး တင်ဆောင်လာခဲ့ပြီး ယင်းသည် ကုမ္ပဏီ၏ ရေနံစိမ်းဝယ်ယူမှုအစီအစဉ် တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ အဆိုပါသင်္ဘာသည် ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာဖြတ်ကျော်နိုင်ခဲ့ပြီး ဧပြီ ၇ ရက် ညပိုင်းက ဘန်ချက်စီရာချာ ရေနံချက်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ယင်းတင်ပို့မှုသည် လက်ရှိဈေးကွက်အတက်အကျအခြေအနေတွင် ရေနံစိမ်းထောက်ပံ့မှု ဆက်လက်ရရှိစေရေးအတွက် အထောက်အကူပင်ဖြစ်သည်။
ထို့ပြင် မတ်လနှောင်းပိုင်းတွင် ထိုင်းနိုင်ငံသည် ဒေသတွင်း မိတ်ဖက်နိုင်ငံများ၏ သံတမန်ရေးရာညှိနှိုင်းဆောင်ရွက်မှုများဖြင့် ၎င်း၏ ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို လုံခြုံစိတ်ချစွာ ဖြတ်သန်းခွင့်ရရှိခဲ့သည်။
ဆင်ဟွာ


