အရှေ့အလယ်ပိုင်းဒေသ၌ ကိုဗစ် - ၁၉ ကူးစက်ခံရမှုနှုန်းတွင် ဆော်ဒီအာရေဗျသည် ဒုတိယနေရာတွင်ရှိ

ကိုင်ရို   ၆   ဇူလိုင်

အီရန်နိုင်ငံ၏ ကိုဗစ် -၁၉ ကူးစက်ခံ ရသူဦးရေမှာ ဇူလိုင် ၄ ရက်တွင် ၂၄၀၀၀၀ နား နီးကပ်လာပြီး ဆော်ဒီ အာရေဗျမှာမူ တူရကီကို ကျော်တက်ပြီး ၂၀၆၀၀၀ နီးပါး ကူးစက်ခံထားရသည်။ အီရန်နိုင်ငံသည် အရှေ့အလယ် ပိုင်းဒေသတွင် ကိုဗစ် -၁၉ ကူးစက်ခံ ရမှုနှုန်းအဆိုးရွားဆုံး တိုင်းပြည်ဖြစ်ပြီး နောက်ထပ် ကူးစက်ခံရသူ ၂၄၄၉ ဦး တွေ့ရှိပြီးနောက် စုစုပေါင်း ကူးစက်ခံရသူ အရေအတွက်မှာ ၂၃၇၈၇၈ ဦး ဖြစ်လာခဲ့သည်။

ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၄၈ ဦး တိုးလာခဲ့ပြီးနောက် သေဆုံးသူ စုစုပေါင်းအရေအတွက်မှာ ၁၁၄၀၈ ဦးအထိမြင့်တက်လာခဲ့သည်။ နေပြန်ကောင်းလာသူ အရေအတွက်မှာ ၁၉၈၉၄၉ ဦးရှိပြီး စိုးရိမ်ရသည့် အခြေအနေရှိသူ ၃၁၃၆ ဦးရှိသည်။

ဆော်ဒီအာရေဗျတွင် ကူးစက်ခံရသူ ၄၁၂၈ ဦး ထပ်မံတွေ့ရှိပြီးနောက် စုစုပေါင်း ကူးစက်ခံရသူအရေအတွက်မှာ ၂၀၅၉၂၉ ဖြစ်လာခဲ့သည်။ တူရကီနိုင်ငံ၏ ကူးစက်ခံရသူအရေအတွက်ကို ဆော်ဒီအာရေဗျက ကျော်တက်သွားခြင်း ဖြစ်သည်။

တူရကီနိုင်ငံ၏ ကိုဗစ် - ၁၉ ကူးစက်ခံရသူ အရေအတွက်မှာ ၂၀၄၆၁၀ ရှိသည်ဟု တူရကီ ကျန်းမာရေးဝန်ကြီး ဖာဟင်တန် ကိုကာက ပြောသည်။ တူရကီရှိ အထူးကြပ်မတ် ကုသဆောင်တွင် ကိုဗစ် - ၁၉ အရေး ပေါ်လူနာ တိုးလာနိုင်ကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီးက သတိပေးထားသည်။ ကာတာနိုင်ငံတွင်လည်း နောက်ထပ် ကူးစက်ခံရသူ ၅၀၃ ဦး တွေ့ရှိပြီးနောက် စုစုပေါင်း ကူးစက်ခံရသူအရေအတွက်မှ ၉၉၁၈၃ ဦးဖြစ်လာခဲ့သည်။ ပြန်လည်ကျန်းမာလာသူအရေ အတွက်မှာမူ ၉၀၃၈၇ ဦးရှိသည်။

အီဂျစ်နိုင်ငံတွင်လည်း ကူးစက်ခံရသူ စုစုပေါင်း ၇၄၀၃၅ ဦးအထိ ရှိလာကြောင်း သိရသည်။

ဆင်ဟွာ