အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားနေသည့် တင်းမာမှုများနှင့်ပတ်သက်၍ မက်ခရွန်နှင့် ရိုဟာနီဆွေးနွေး

တီဟီရန်  ၂၇ ဇွန်   

အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားနေသည့် တင်းမာမှုများနှင့် ပတ်သက်၍ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း  သိရသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ဇွန် ၂၅ ရက်နေ့တွင်  ဖုန်းမှတစ်ဆင့်  ဆက်သွယ်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း  အီရန် သမ္မတရုံးက  ဖော်ပြသည်။  အီရန်အနေဖြင့်    အမေရိကန်အပါအဝင်    အခြားမည်သည့်နိုင်ငံနှင့်မျှ   စစ်ဖြစ်လိုခြင်း မရှိကြောင်း ရိုဟာနီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က အမေရိကန်  လျှို့ဝှက်ထောက်လှမ်းရေး ဒရုန်းယာဉ်တစ်စင်းသည် သတိပေးမှုများ အတန်တန်ပြုလုပ်ခဲ့သည့်ကြားမှ အီရန် လေပိုင်နက်အတွင်းသို့ ကျူးကျော် ဝင်ရောက်လာခဲ့သည့်အတွက် ယင်းဒရုန်း ယာဉ်ကို  အီရန်ဘက်မှ  ပစ်ချခဲ့ကြောင်း ၄င်းက ဖြည့်စွက်ပြောခဲ့သည်။ 
 
အကယ်၍သာ  အမေရိကန်က  အီရန်လေပိုင်နက်အတွင်းသို့  နောက်တစ်ကြိမ်  ကျူးကျော်ဝင်ရောက်လာပါကလည်း အီရန်အနေဖြင့် ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဖြစ်ကြောင်း  ရိုဟာနီက  ပြောကြားခဲ့သည်။  ဒေသတွင်း၌ တင်းမာမှုများလျော့ကျအောင် နိုင်ငံတိုင်းက ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က  ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ