ရောမ မတ် ၁၈

 

အရှေ့အလယ်ပိုင်းဒေသပဋိပက္ခ ဇွန်လအထိ ဆက်လက်ဖြစ်ပွားနေဦးမည်ဆိုပါက အစားအစာ၊ စက်သုံးဆီနှင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားလာမှုများကြောင့် နောက်ထပ်လူပေါင်း ၄၅ သန်းကျော် ဆိုးရွားပြင်းထန်သော ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ပြောကြားသည်။

 

ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့၏ ထုတ်ပြန်ချက်အရ လူပေါင်း ၃၁၉ သန်းခန့်မှာ ပြင်းထန်သော စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကြုံတွေ့နေရကြောင်း၊ ယင်းမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံး ပမာဏဖြစ်ကြောင်း သိရသည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု အခြေအနေမှာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအခြေအနေအထိ ရောက်ရှိသွားနိုင်ကြောင်းလည်း အဆိုပါ အေဂျင်စီက ပြောကြားသည်။

 

ထို့အပြင် ရေကြောင်းသယ်ယူ ပို့ဆောင်ရေး ကုန်ကျစရိတ်များသည် လက်ရှိအချိန်တွင် ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း၊ ထိုကဲ့သို့ ကုန်ကျစရိတ်မြင့်တက်လာခြင်းကြောင့် အနာဂတ်တွင် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များအပေါ် ထိခိုက်မှုရှိလာနိုင်ကြောင်း အဆိုပါ အေဂျင်စီက ပြောသည်။

 

အင်န်အိတ်ချ်ကေ