နေပြည်တော် မေ ၂၇

အနောက်မြောက် တိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ ခုနှစ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစားအသင်းများ၊ ဒိုင်အဖွဲ့ ဝင်များ၊ ဖိတ်ကြားထားသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ကြည့်ရှုအားပေး

ဦးစွာ တိုင်းမှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက အဖွင့်ပွဲစဉ်အဖြစ် လားရှိုးတပ်နယ်(က)အသင်းနှင့် လားရှိုးတပ်နယ်(ခ) အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ တိုင်းမှူးဒိုင်းဘောလုံး ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဇွန် ၆ ရက်အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်