၂၉ ဇန်နဝါရီ
အရေပြားက စတီးရွိုက်ထိတဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
အရေပြားက နီမြန်းမယ်။
ရောင်ရမ်းမယ်။
ဝက်ခြံဖု အကြီးကြီးတွေ ထွက်မယ်။
အရေပြားက အဖက်တွေ ကွာမယ်။
အရေပြား အဖက်လန်တာမျိုးတွေ ဖြစ်မယ်။
အနီရောင်အဖုအပိမ့်တွေ ထွက်မယ်။
အနီရောင်အကွက်လိုက်တွေ ထွက်မယ်။
အသားတွေ ယားမယ်။
ပူစပ်ပူလောင်ဖြစ်မယ်။
စပ်ဖျဉ်းဖျဉ်း ဖြစ်မယ်။ စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့လက္ခဏာချင်းတော့ မတူနိုင်ဘူးပေါ့။
စတီးရွိုက်ကြောင့် အသားအရေ ထိခိုက်တဲ့အခါ သက်သာစေဖို့
စတီးရွိုက်ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာက စောစောသိလေ ပိုကောင်းလေပါ။ ဒါမှလည်း အသားအရေ ထိခိုက်မှု နည်းတော့မှာပေါ့။
ဒါကြောင့် အပေါ်မှာ ပြောတဲ့ လက္ခဏာတွေကို ခံစားရပြီဆိုရင်
စတီးရွိုက်ပါတဲ့ အလှကုန် သုံးနေတာကို ချက်ချင်း ရပ်ပါ။
စတီးရွိုက် ပါတဲ့ဆေးကို ရပ်လိုက်တဲ့အခါ မျက်နှာပေါ်က အဖုအပိမ့်တွေက ကန်ထွက်လာသလို အများကြီး ထွက်လာနိုင်ပါတယ်။ ဒါပေမယ့် အသားအရေကို ထပ်မပျက်စီးစေဖို့တော့ ရပ်လိုက်နိုင်ပါပြီ။ ဒါကြောင့် ဆေးရပ်လိုက်လို့ ဖြစ်မယ် ဆက်သုံးမယ်ဆိုတာမျိုး မလုပ်ဘဲ။ ချက်ချင်း ရပ်လိုက်ပါ။
ချက်ချင်းရပ်လိုက်တာကြောင့် အရေပြားမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်တယ်ဆိုပေမယ့် လေ့လာမှုတွေအရကတော့ စတီးရွိုက်ကို ဖြည့်းဖြည်းချင်း ရပ်လိုက်လည်းပဲ အခုလိုပဲ ခံစားရမှာပါ။ ထူးခြားသွားတာမျိုး မရှိပါဘူးလို့ သိရပါတယ်။
ရေခဲ ကပ်ပေးပါ။
ရေခဲ ကပ်ပေးတာ၊ ရေအေးဝတ်ကပ်ပေးတာက စတီးရွိုက်ကြောင့် အရေပြား ယားယံတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာကို သက်သာစေနိုင်ပါတယ်။
Antihistamine ဆေးဝါးများ
စတီးရွိုက်ကောင့် အသားအရေ ထိခိုက်တဲ့ လက္ခဏာတွေကို သက်သာစေဖို့ဆိုရင် Antihistamine ဆေးဝါးတွေကို အသုံးပြုရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကတော့ ဆရာဝန်က ညွှန်းပေးပါလိမ့်မယ်။
Antibiotics
antibiotic ဆေးဝါးတွေကလည်း စတီးရွိုက်ကြောင့် အသားအရေ ထိခိုက်တာကို သက်သာစေနိုင်ပါတယ်။ အဓိကကတော့ အဖုအပိမ့်တွေကို သက်သာစေတာပါ။
စတီးရွိုက်ဆေးဝါးတွေ
အချို့ အရေပြားဆရာဝန်တွေကတော့ စတီးရွိုက်ကြောင့် အသားအရေ ထိခိုက်တဲ့အခါ သက်သာစေဖို့ဆိုရင် စတီးရွိုက် သောက်ဆေးကို ကာလတို တစ်ခုအထိ သောက်သုံးစေပါတယ်။ ဒီလို သောက်သုံးမှုက လက္ခဏာတွေကို ပိုမဆိုးစေဘဲ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ ရောင်ရမ်းမှုတွေကို သက်သာစေတာကြောင့်ပါ။