အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာအမျိုးသမီးဘောလုံးအသင်း လာအိုအသင်းကို အနိုင်ရရှိ

နေပြည်တော် မေ ၁၁

 

ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသော  (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပတ်လည်ပွဲစဉ်အဖြစ် ယမန်နေ့ မြန်မာစံတော်ချိန် ည ၉ နာရီ တွင် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက လာအို အသင်းကို ၃ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

 မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်း မိနစ် ၃၀ တွင် ဝင်းသိင်္ဂီထွန်း၊ ၅၇ မိနစ်နှင့် ၆၈ မိနစ်တွင် ခင်မာလာထွန်းတို့က သွင်းယူခဲ့သည်။  မေ ၁၃ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ၌ အုပ်စု(ခ) ဒုတိယ ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်း၊ မေ ၁၅ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၌ အုပ်စု(ခ)နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် စင်္ကာပူအသင်းတို့ ဆက်လက် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)