အရှေ့တောင်အာရှမှာ ခေတ်စားလာတဲ့ ရေအောက်ဟော်ကီ ကစားနည်း

၂၆ စက်တင်ဘာ

 

 

ရေအောက်ဟော်ကီ ကစားနည်း ကစားရန် လိုအပ်တဲ့ ပစ္စည်းတွေ ဝတ်ဆင်ထားတဲ့ အားကစားသမားတွေဟာ မလေးရှားနိုင်ငံက ရေကူးကန်တစ်ခုမှာ လေ့ကျင်နေကြပါတယ်။

 

 

ရေအောက်ဟော်ကီ ကစားနည်းကို ၁၉၅၀ ခုနှစ်များဆီက ဗြိတိန်နိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီကစားနည်းကို အော်တိုပွတ်ရှ် (octopush) လို့ ခေါ်ဆိုပါတယ်။ အခုတော့ အဲဒီကစားနည်းဟာ ဥရောပကနေ အာရှဆီကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

 

 

ရေအောက်ဟော်ကီ ကစားပွဲဟာ ကြောက်တတ်တဲ့သူတွေ အတွက်တော့ မဟုတ်တာကို တွေ့ရပါတယ်။ အားကစားသမားတွေက တစ်ယောက်ပေါ်တစ်ယောက် မြန်မြန်သွားနိုင်အောင် ရေမြန်မြန်ကူးရတယ်။ တစ်ယောက်နဲ့တစ်ယောက် တွန်းတွန်းတိုက်တိုက်လည်း လုပ်ရတယ်။ အဲဒါတွေကို ရေထဲမှာ လုပ်ရတယ်။ ရေပေါ်ကို အသက်ရူဖို့ ပြန်တက်လိုက် ရေထဲပြန်ငုပ်ရတယ်လေ။ အသက်အောင့်ထားရသေးတယ်။ ရေကလည်း ကျွမ်းကျွမ်းကျင်ကျင် ကူးတတ်ရသေးတယ်လို့ ပြောပါတယ်။

 

 

ဖိလစ်ပိုင်နိုင်ငံမှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရေအောက်ဟော်ကီ ကစားနည်းကို ပါဝင်မယ်လို့ သိရပါတယ်။ ကစားပြိုင်ပွဲတစ်ပွဲမှာ ပြိုင်ဘက်အသင်း နှစ်သင်းကနေ အားကစားသမား ခြောက်ဦးစီ ပါဝင်တာကို တွေ့ရပါတယ်။ ကစားမယ့် ရေကန်မှာ ၂၅ × ၁၅ မီတာနဲ့ ရေအနက် ၂ မီတာ ရှိရမှာဖြစ်ပါတယ်။ ကစားပွဲရဲ့ ပထမပိုင်းက ၁၀ မိနစ်ကနေ မိနစ် ၂၀ အထိ ရှိနိုင်ပါတယ်။

 

 

နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ကျင်းပမယ့် ပြိုင်ပွဲကို မလေးရှားနိုင်ငံက အမျိုးသားနဲ့ အမျိုးသမီး ပွဲစဉ်တွေအတွက် အားကစားသမား ၂၄ ဦး စေလွှတ်မယ်လို့ သိရပါတယ်။ အဲဒီကစားပွဲကို မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံက အားကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

 

 

MDN

ကိုးကား-AFP