အရှေ့တောင်အာရှ၌ အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်

ဂျကာတာ ဖေဖော်ဝါရီ ၁

အရှေ့တောင်အာရှ၌ အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသစ်များ မြင့်တက်လာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၌ ဖေဖော် ဝါရီ  ၁၅ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅၇၀၀၀ ကျော် ရှိခဲ့ပြီး ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု အများဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။ လွန်ခဲ့သော အောက်တိုဘာလမှ စတင်ကာ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၀၀၀ အောက်ကျဆင်းခဲ့သော်လည်း အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် လွန်ခဲ့သည့်လတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ ပြန်လည် မြင့်တက်လာခဲ့သည်။

ဂျကာတာနှင့် တခြားနေရာများတွင် အစိုးရသည် ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးဆိုင်ရာ ကန့်သတ်ချက်များကို တင်းကျပ်လိုက်သည်။ အဝေးမှ အလုပ်လုပ်ရန်နှင့် စားသောက်ဆိုင်များတွင်လည်း ဧည့်သည်အရေအတွက်ကို လျှော့ချကန့်သတ်ထားရန် သက်ဆိုင်ရာအာဏာပိုင်များက တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူသစ် ၁၉၀၀၀ ကျော်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၁၆ ရက်တွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပထမဆုံးအကြိမ်အဖြစ် ၂၇၀၀၀ ကျော် ရှိခဲ့သည်။

အင်န်အိတ်ချ်ကေ