အရှေ့တောင်အာရှတွင် မူးယစ်ဆေးဝါး တန်ချိန်များစွာ မီးရှို့ဖျက်ဆီး

၂၇ ဇွန်

အရှေ့တောင်အာရှ အာဏာပိုင်များသည်  ဇွန် ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးတန်ချိန်များစွာကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

တရားမဝင်မူးယစ်ဆေးဝါး အမြောက်အများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြသည်။ မြန်မာနိုင်ငံသည် ဒေသတွင်း ဘိန်းဖြူ နှင့် စိတ်ကြွဆေးဝါး အကြီးမားဆုံး ထုတ်လုပ်သူများရှိသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

 

mdn

 

ထိုင်းနိုင်ငံ တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အလားတူ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ ပြုလုပ်ကြသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ပမာဏအတော်များများ ကို နှစ်ရက်ကြာ မီးရှို့ဖျက်ဆီးမည်ဟု ၎င်းတို့က ဆိုသည်။

 

mdn

 

အမေရိကန်ဒေါ်လာ သန်း ၆၀ဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ၁၆ တန်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါး အလွဲသုံးစားမှု နှင့် အားထုတ်ကြိုးပမ်းမှုများ ရပ်တန့်ရေး နှင့် ပတ်သက်ပြီး ဆောင်ရွက်ရန် ၁၉၈၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို

 

mdn