အသက် ကိုးနှစ်အရွယ် ဘယ်လဂျီယံကလေးငယ်က တက္ကသိုလ်ဘွဲ့ယူတော့မယ်

၂၆ နိုဝင်ဘာ

အသက်ကိုးနှစ်အရွယ် လောရင့်ဆိုင်မွန်ဟာ တခြားကိုးနှစ်အရွယ်ကလေးငယ်တွေလို ရုပ်မြင်သံကြားနဲ့ သူ့ခွေးလေးကို ကြိုက်ပါတယ်။ ဒါပေမယ့် သူက ကိုယ်အင်္ဂါအစိတ်အပိုင်းအတု တီထွင်ပြီး လူတွေကို အသက်ပိုရှည်အောင် လုပ်ပေးချင်တဲ့ ဆန္ဒကလည်း ရှိနေပါတယ်။ အဲဒီအတွက် အရည်အချင်းပြည့်စုံအောင် လုပ်ဆောင်နေပါတယ်။ 

 

313

 

လာမယ့် ဒီဇင်ဘာလမှာ နယ်သာလန်နိုင်ငံက အိုင်ဟိုဗင် စက်မှုတက္ကသိုလ်ကနေ လျှပ်စစ်အင်ဂျင်နီယာ ဘွဲ့ယူမှာဖြစ်ရာ သူဟာကမ္ဘာမှာ အသက်အငယ်ဆုံး ဘွဲ့ရကျောင်းသားတစ်ဦးအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။  လောရင့်ရဲ့ IQ ဟာ ၁၄၅ ရှိကြောင်း သိရပါတယ်။ 

 

319

 

လောရင့် ပညာသင်တဲ့ တက္ကသိုလ်က လျှပ်စစ်အင်ဂျင်နီယာဌာနရဲ့ ဒါရိုက်တာက “လောရင့်ရဲ့ စွမ်းရည်က အင်မတန်အံ့သြစရာကောင်းတယ်။ လေ့လာသင်ယူတတ်မြောက်မှု အလျှင်အမြန်ဆုံး ကျောင်းသားအဖြစ် သူ့ဘဝမှာ ပထမဦးဆုံး တွေ့ဖူးရတာဖြစ်တယ်။ သူက ဉာဏ်ပညာကြီးမားယုံတင်မကဘဲ ရည်မွန်တဲ့သူဖြစ်တယ်” လို့ ပြောပါတယ်။ 

လောရင့်က အသက်လေးနှစ်မှာ ကျောင်းစတက်ပြီး မူလတန်း၊ အထက်တန်း ၊တက္ကသိုလ် ပြီးဆုံးဖို့အတွက် ငါးနှစ်သာ အချိန်ယူတာကို တွေ့ရပါတယ်။ အထက်တန်းပြီးဆုံး စာသင်နှစ် ၆ နှစ်စာကို တစ်နှစ်ခွဲနဲ့သာ ပြီးဆုံးခဲ့ကြောင်း တွေ့ရပါတယ်။ 

လောရင့်ရဲ့ဖခင် အလက်ဇန်ဒါးဟာ အသက် ၃၇ နှစ်အရွယ် ဘယ်လဂျီယံနိုင်ငံသား သွားဆရာဝန်ဖြစ်ပြီး မိခင်လင်ဒါက အသက် ၂၉ နှစ်အရွယ် နယ်သာလန်နိုင်ငံသူ ခင်ပွန်းသွားဆရာဝန်ရဲ့ ဆေးခန်းအကူဖြစ်ပါတယ်။ 

လောရင့် ကို သူ့အဖိုးနဲ့အဖွားက ထိန်းကျောင်းခဲ့တာဖြစ်ပြီး သူဉာဏ်ကောင်းတာကို သတိပြုမိသူတွေ ဖြစ်တဲ့အတွက် ကျောင်းမသွားခင်ကတည်းက သူ့ကိုအရွယ်နဲ့မလိုက်တဲ့ စမ်းသပ်မှုတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။ 

လောရင့်ရဲ့ မိဘများက သားလုပ်ချင်တာကို လိုက်ကူညီဖို့အတွက် သူတို့ရဲ့ ဆေးခန်းကို ရောင်းချပြီးဖြစ်ပါတယ်။ သူတို့သားတက္ကသိုလ် နေ့စဉ်သွားနိုင်ရန် အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်တွေ စီးနိုင်ရေးအတွက် ကူညီရမှာဖြစ်ပါတယ်။ 

လောရင့်ဟာ ဒီဇင်ဘာလမှ တက္ကသိုလ်က ပထမဘွဲ့ယူပြီးရင် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေအတု တီထွင်ပေးပြီး အသက်ရှည်စေချင်ကြောင်း လေ့လာမယ်လို့ပြောရာ ဘာကြောင့်လဲလို့ မေးရာတွင် သူ့အဖိုးအဖွားလိုမျိုး နှလုံးရောဂါရှင်တွေကို ကူညီချင်တဲ့အတွက်ပါလို့ ပြောပါတယ်။ 

လောရင့်ရဲ့ မိဘများက သူတို့သားအတွက် နောက်ထပ် ဘွဲ့တခုအတွက် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များကို ဆက်သွယ်ပြီးဖြစ်ပါတယ်။

မိဘများက သူတို့သားဟာ တနေ့တချိန်မှာ လူမုန်းများအောင် လုပ်ဆောင်တာမျိုး သတိထားမိပြီဆိုတာနဲ့ သူတို့သားကို လက်တွေ့ဘဝကို ပြန်ရောက်လုပ်ဆောင်မယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။ 

MDN
ကိုးကား - AFP