အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ကြီးပင်စင် ထောက်ပံ့ငွေပေးအပ်

ပုဗ္ဗသီရိ ၁၈ ဇွန်


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ကြီးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


အဆိုပါ သက်ကြီးပင်စင် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို တစ်လျှင် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ပေးအပ်လျက်ရှိရာ(ဧပြီလ၊မေလနှင့်ဇွန်လ)များအတွက် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၃၅၈)ဦးအား လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၀၇၄၀ဝ၀ဝ ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများထံ အိမ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်) မှ သိရသည်။


MDN