အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း(Vocational Education Training) သင်တန်းဖွင့်ပွဲ  ကျင်းပ       

ချောက်     ဇူလိုင်       ၁၄

 

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊ ​ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့​ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ၊​ ချောက်/လမ်းရွာ​ရေနံ​မြေနှင့် အကျိုးတူပူး​ပေါင်းဆောင်ရွက်လျက်ရှိသော Gold petrol ကုမ္ပဏီနှင့်  အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (မ​ကွေးတိုင်း​ဒေသကြီး)တို့ ပူးပေါင်းဖွင့်လှစ်​သော အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational Education Training)(၄/၂၀၂၂) အဖြစ် (စား​သောက်ကုန်သင်တန်း)(Bakery &  Snack)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက် ၉နာရီက အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေ လုပ်ငန်းခွင်သင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

                ​

ရှေးဦးစွာ ချောက်လမ်းရွာ​ရေ​နံ​မြေအ​ထွေ​ထွေမန်​နေဂျာ ဦးရဲနိုင်က (CSR)အစီအစဉ်ဖြင့် အသက်မွေးဝမ်းကျောင်း ပညာသင်တန်း (Vocational Education Training) ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များအား ရှင်းလင်း​ပြောကြားသည်။

          

ထို​နောက် မ​ကွေးတိုင်း​ဒေသကြီး အ​​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းနည်းပြ ဆရာမ ဒေါ်မို့မို့စိုးက ​အသက်​မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational  Education Training)များ ​ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်း​လင်းပြောကြားခဲ့​ပြီး တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့​ကြောင်း သိရှိရသည်။

 

အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational Education Training)(၄/၂၀၂၂) သင်တန်းကို ဇူလိုင်လ (၁၄)ရက်​နေ့မှ ဇူလိုင်လ (၁၈)ရက်​နေ့အထိ နံနက်(၈)နာရီမှ နံနက်(၁၁)နာရီခွဲထိ၊​ နေ့လယ်(၁)နာရီမှ ညနေ(၄)နာရီအထိ သင်တန်း သား/သူ(၂၀) ဖြင့် စရိတ်ငြိမ်း ဖွင့်လှစ်ပို့ချသွားမည်​ဖြစ်ကြောင်း သိရှိရသည်။

                         ​

ကျော်မိုး(ပြန်/ဆက်)