အတိတ်ကို သင်ခန်းစာယူပြီး ရှေ့ကို လျှောက်လှမ်းကြပါစို့လို့ မေတ္တာရပ်ခံချင်ပါတယ်

နေပြည်တော် ၁၉ ဇန်နဝါရီ

တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက “ကျွန်တော်တို့မှာ ရေ၊ မြေ သဘာဝသိပ်ကောင်းတယ်၊ သယံဇာတကောင်းတယ်၊ လူငယ်အရင်းအမြစ်တွေ ကောင်းတယ်၊ ကျွန်တော်တို့ သင်ခန်းစာယူပြီး ရှေ့ကိုလျှောက်လှမ်းတဲ့အခါ ပိုပြီးကောင်းမွန်အောင် လက်တွဲ လုပ်ဆောင်သွားကြဖို့ မေတ္တာရပ် ခံလိုပါတယ်”

“အဓိကကတော့ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုပါ၊ သွားရေးလာရေးကလည်းခက်ခဲတယ်၊ အတိတ် က အုပ်ချုပ်ရေး စနစ်တွေနဲ့လည်း ဆိုင်တယ်၊ အတိတ်ကို သင်ခန်းစာယူပြီး ရှေ့ကိုလျှောက်လှမ်းကြပါစို့လို့ မေတ္တာရပ်ခံချင်ပါတယ်။”ဟု ပြောကြားသည်။

MDN