အတိုက်အခိုက်ရပ်စဲရေးသဘောတူညီချက် ကြန့်ကြာနေသည့်အတွက် အစ္စရေးဝန်ကြီးချုပ်က ရာဖာတွင် မြေပြင်ထိုးစစ်ဆင်နွှဲရန် ဆုံးဖြတ်ထား

ဂါဇာ   ဖေဖော်ဝါရီ   ၁၅

အတိုက်အခိုက်ရပ်စဲရေး သဘောတူညီချက် ကြန့်ကြာနေသည့်အတွက်     အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ  ရာဖာ၌ မြေပြင်ထိုးစစ်ဆင်နွှဲရန်  ဆုံးဖြတ် ထားကြောင်း သိရသည်။

နိုင်ငံတကာပြစ်တင်ဝေဖန်မှုများ မြင့်တက်လာသည့်တိုင် နေတန်ယာဟုက  အစ္စရေးသည် ဟားမားစ် တို့ကို အောင်မြင်မှုရရှိသည်အထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရာဖာတွင် လူပေါင်း ၁ ဒသမ ၄ သန်း ကျော် ခိုလှုံလျက်ရှိသည်။ အစ္စရေးတပ်ဖွဲ့များသည် ဂါဇာအလယ်ပိုင်းနှင့် တောင်ပိုင်းရှိဒေသများတွင်  ထိုးစစ်ကို   အရှိန်မြှင့်တင် ဆင်နွှဲလျက်ရှိသည်။

လူနာများနှင့် တခြားသူများကို   ထွက်ခွာရန်    အမိန့်ပေးပြီးနောက်     ကြာသပတေးနေ့အထိ  ခန်ယွန်နစ်မြို့တောင်ပိုင်းရှိ နက်ဆာဆေးရုံကို အစ္စရေးတပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အစ္စရေးစစ်ဘက်က   ဟားမားစ်တိုက်ခိုက်ရေးသမားများသည် အဆိုပါနေရာတွင် ပုန်းအောင်း လျက်ရှိကြောင်း  ပြောကြားခဲ့သည်။

ပါလက်စတိုင်း   ကျန်းမာရေးအာဏာပိုင်များက   အဆိုပါတိုက်ခိုက်မှုတွင်   လူနာများစွာနှင့် တိုက်ပွဲ ရှောင် ရွှေ့ပြောင်းသူများသေဆုံးခြင်း သို့မဟုတ် ဆေးကုသမှုမခံယူရဘဲ သေဆုံးခြင်းတို့ ဖြစ်ပေါ် ခဲ့ကြောင်း ပြောကြားခဲ့သည်။ နေတန်ယာဟုသည် ယာယီစစ်ပြေငြိမ်းခြင်းနှင့် ဓားစာခံများ ပြန်လည် လွှတ်ပေးရေး အီဂျစ်တွင် ညှိနှိုင်းလျက်ရှိသော ညှိနှိုင်းဆွေးနွေးမှုများနှင့်ပတ်သက်ပြီး  တင်းမာသော       သဘောထားရှိသည်။ ကာတာသည်   ကြားဝင်စေ့စပ်ညှိနှိုင်းဆွေးနွေးသည့် နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်သည်။

အင်န်အိတ်ချ်ကေ