အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်အား ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပြန်လည်ပုံနှိပ် ထုတ်ဝေနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော် ဇွန် ၁၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်အား ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဌာန တိုးချဲ့ (၃)ထပ် ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာ တော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကေသရ အမှူးပြုသော ဆရာတော်ကြီး ၁၁ ပါး Video Conferencing ဖြင့်တက်ရောက်ကြပြီးသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ဦးစွာ အစည်းအဝေးကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပိဋကသုံးပုံပါဠိတော်အုပ်ရေ ၄၀ ကို ရွှေသုဝဏ်ဆရာတော် ကြီး ဘဒ္ဒန္တသဒ္ဓိယ က ကွန်ပျူတာ စာမူဖြင့်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယခုအခါ အဋ္ဌကထာ ၅၁ အုပ်ကိုကွန်ပျူတာစာမူဖြင့် ပုံနှိပ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ဩဝါဒါစရိယ ဆရာတော်ကြီး များ၊ နာယကအဖွဲ့ ဆရာတော်ကြီးများ၊ လုပ်ငန်းကော်မတီအဖွဲ့ ဆရာတော်ကြီးများ၊ အထောက် အကူပြုကော်မတီအဖွဲ့များကို ဖွဲ့စည်းနိုင်ရေး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၍ ဆောင်ရွက်ခဲ့ကြောင်း၊ ပါဠိစာပေနှင့် ကွန်ပျူတာကျွမ်းကျင် သူဝန်ထမ်း စုစုပေါင်း ၃၀ ဦးတို့ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း။
ယခုအခါ စက်တင်ပုံနှိပ်လျက်ရှိသည့် ကျမ်းစာအုပ် ၅ အုပ်၊ ဆရာတော်ကြီးများက စိစစ် တည်းဖြတ်ဆဲ စာအုပ် ၁၈ အုပ်နှင့် ကွန်ပျူတာစာမူပြုစုရေးအဖွဲ့က စာမူပြုစုဆဲ ၆ အုပ်တို့ကို ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကျမ်းစာအုပ် ၂၂ အုပ် ကျန်ရှိနေ သေးကြောင်း၊ စက်တင်ပုံနှိပ်ပြီး အဋ္ဌကထာကျမ်းများမှာ ပါရာဇိကကဏ္ဍ အဋ္ဌကထာ(ပထမတွဲ)၊ သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ၊ ပါစိတျာဒိ အဋ္ဌကထာ၊ (ဝိနည်း)မဟာဝဂ္ဂ အဋ္ဌကထာနှင့် အင်္ဂုတ္တရ အဋ္ဌကထာ (တတိယတွဲ) တို့ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆရာဒကာ ညီညွတ်စွာ လက်တွဲ၍ ဆောင်ရွက်လျက်ရှိရာ ကျမ်းစာအုပ် ၂၂ အုပ်ကိုလည်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားစိစစ်ပေး တော်မူကြပါရန် လျှောက်ထားသည်။ 
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက ယခုလုပ်ငန်းသည် ကြီးမားကျယ်ပြန့်သည့်အတွက် ပရိယတ္တိစာပေ ကျွမ်းကျင်သည့် ဆရာတော်ကြီးများ၊ စာသင်တိုက်ကြီးများပါဝင်စေလိုကြောင်း၊ ဦးစီးဦးဆောင်လုပ် သည့် ဆရာတော်ကြီးများကို လုပ်ငန်းအဖွဲ့များတွင် ပါဝင်စေလိုကြောင်း မိန့်ကြားပြီး နေပြည်တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက ပါဠိဆရာတော်ကြီး ဘဒ္ဒန္တ ဝိမလဗုဒ္ဓိက ထပ်ခါထပ်ခါ ကူးယူရခြင်းနှင့် ထပ်ခါထပ်ခါ ပုံနှိပ်ရခြင်းတို့ကြောင့် ချို့ယွင်းမှုများ မရှိရန် အသေအချာစိစစ်ရန် လိုကြောင်း မိန့်ကြားသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကေသရက လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် အမှားအယွင်းမရှိစေရေး၊ ကွန်ပျူ တာ ကျွမ်းကျင်ရန်နှင့် ပါဠိစာပေကျွမ်းကျင်ရန် အရေးကြီးကြောင်း မိန့်ကြားပြီး ဒက္ခိဏသီရိ မြို့နယ် ရန်အောင်မြင်တောရ(မြို့တော်ဝန်)ကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာနန္ဒက သာသနာ ရေးဦးစီးဌာနက ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၅၉ ခုနှစ်နှင့် ၁၉၆၈၊ ၁၉၆၉၊ ၁၉၇၀၊ ၁၉၇၁ ခုနှစ်များတွင် ပုံနှိပ်ထုတ်ဝေသော အဋ္ဌကထာစာအုပ်များနှင့် တိုက်ဆိုင်စစ်ဆေးစေလိုသဖြင့် အတည်ပြုဆုံး ဖြတ်ပေးတော်မူပါရန် လျှောက်ထားရာ ကြွရောက်လာကြသော ဆရာတော်များက အတည်ပြု တော်မူကြသည်။
ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ဒုတိယပါမောက္ခချုပ်ဆရာ တော် ဒေါက်တာ ဘဒ္ဒန္တဇောတိကက မြတ်စွာဘုရားဟောကြားတော်မူသော ပိဋကသုံးပုံပါဠိတော် များကို ဖွင့်ဆိုသည့် ကျမ်းများဖြစ်သည့်အတွက် ခက်ခဲနက်နဲသဖြင့် သာမန်ဆောင်ရွက်၍ မရကြောင်း နှင့် လေးလေးနက်နက်နှင့် ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်ရန်လိုကြောင်းလျှောက်ထားပြီး နိုင်ငံ တော်ပရိ ယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမုဒက အဋ္ဌက ထာ ကျမ်းစာအုပ်များ ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပြန်လည်ပုံနှိပ် ထုတ်ဝေနိုင်ရေး စာမူစိစစ် တည်းဖြတ်ရာတွင် စာစစ်ပုံ စာစစ်နည်းများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ကွန်ပျူတာပညာရှင်တစ်ဦးက အဋ္ဌကထာကျမ်းစာအုပ်များ ဆဋ္ဌမူအတိုင်း ကွန်ပျူ တာစာစီဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်း လျှောက် ထားတင်ပြပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အဋ္ဌကထာကျမ်းစာအုပ် များ ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပြန်လည်ထုတ်ဝေနိုင်ရေးလျှောက်ထားရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်ကြီးက စနစ်တကျဆောင်ရွက်ရန် လိုအပ် ကြောင်း မိန့်ကြားခဲ့မှုအခြေအနေကို ဆွေးနွေးလျှောက်ထားတင်ပြသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အဋ္ဌကထာ ကျမ်းစာအုပ် ၅၁ အုပ်အား ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ဩဝါဒါစရိယဆရာတော်ကြီးများ၊ နာယကအဖွဲ့ ဆရာတော်ကြီးများ၊ လုပ်ငန်းကော်မတီ ဆရာတော်ကြီး များ ပြင်ဆင်ဖွဲ့စည်းမှုနှင့် စာမူစိစစ်ရေး ဆရာတော်များအဖွဲ့ ၂၃ ဖွဲ့ လျာထားချက် လျှောက်ထားရာ အတည်ပြုပေးတော်မူကြသည်။ 
ထို့နောက် ဒုတိယဝန်ကြီး ဦးအေးထွန်းက အဋ္ဌကထာ ကျမ်းစာအုပ် ၅၁ အုပ်အား ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပုံနှိပ်ထုတ်ဝေနိုင်ရေးဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင် ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား လျှောက်ထားကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ လုပ်ငန်း ညှိနှိုင်း အ စည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
 

mdnmdn