အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂၃) ဦး ထပ်မံတွေ့ရှိ

အုတ်ဖို စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးပေးလျက်ရှိရာ စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီက ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂၃) ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

 

အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူများကို ဇွန် ၃၀ ရက်မှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူများကို မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်၊ အေးမြသာယာ တိုက်နယ်ဆေးရုံနှင့် အိုးသည်ကုန်း တိုက်နယ်ဆေးရုံတို့တွင် ထားရှိကုသလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိသူ (၁၈၇၆) ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ (၁၆၈၁) ဦးနှင့် သေဆုံးသူ (၈၄) ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

 

အောင်သူ(အုတ်ဖို)

 

mdn