အူရီဒူးမြန်မာက Supernet ဖိုင်ဘာအင်တာနက်ကွန်ရက်ကို ထပ်မံတိုးချဲ့

ရန်ကုန်   မတ်   ၃၀

အူရီဒူးမြန်မာအနေဖြင့် ၎င်း၏ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုဖြစ်သည့် Supernet ဖိုင်ဘာကို မြန်မာနိုင်ငံတစ်ဝန်းတွင် ရရှိအသုံးပြုနိုင်ရန် ဝန်ဆောင်မှုများ တိုးချဲ့လျက်ရှိရာ ယခုတစ်ပတ်အတွင်း ရန်ကုန်နှင့် မန္တလေးရှိမြို့များအပြင် မြို့နယ်အသစ် ၂၇ မြို့သို့ ထပ်မံတိုးချဲ့၍ ဝန်ဆောင်မှုပေးအပ် လိုက်ခြင်းကြောင့် ယခုအခါ မြို့နယ်ပေါင်း ၆၅ ခုတွင် Supernet ဖိုင်ဘာအင်တာနက်ကို ရရှိ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထပ်မံတိုးချဲ့လိုက်သော မြို့နယ် ၂၇ ခုမှာ ဗန်းမော်၊ ဟင်္သာတ၊ သီပေါ၊ ကလော၊ ကျိုက်ထို၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ လားရှိုး၊ မိတ္ထီလာ၊ မိုးကုတ်၊ မိုးညှင်း၊ မုဒုံ၊ မြင်းခြံ၊ မြစ်ကြီးနား၊ ပျဉ်းမနား၊ ညောင်ဦး၊ ညောင်ရွှေ၊ ပုသိမ်၊ ပြည်၊ ပြင်ဦးလွင်၊ ရွှေဘို၊ တာချီလိတ်၊ တန့်ယန်း၊ တောင်ငူ၊ တောင်ကြီး၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့ ဖြစ် သည်။

Supernet ဖိုင်ဘာသည် မြန်နှုန်းမြင့်ချိတ်ဆက်မှုကို ပေးအပ်နိုင်ရန် ခေတ်မီဖိုင်ဘာကွန်ရက်ကို အသုံးပြုထားပြီး အမြန်နှုန်းအပေါ်မူတည်၍ ဈေးနှုန်းအစီအစဉ် အမျိုးမျိုးဖြင့် ဝန်ဆောင်မှုပေးလျက် ရှိကြောင်း၊ အများပြည်သူ၏ဒစ်ဂျစ်တယ်လူနေမှုဘဝများကို ပိုမိုကောင်းမွန်လာအောင် ဖြည့်ဆည်းပေး နိုင်ရန် ဖိုင်ဘာကွန်ရက်မှာ ပိုမိုအသုံးဝင်လာသည့်အတွက် အကျယ်ပြန့်ဆုံး ကွန်ရက်လွှမ်းခြုံမှုပေးနိုင်ရန် အူရီဒူးမြန်မာအနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အူရီဒူးမြန်မာသည် Supernet ဖိုင်ဘာ အသုံးပြုသူများ လျှော့ဈေးနှင့် ခံစားခွင့်များ ပိုမိုရရှိနိုင်မည့် ပရိုမိုးရှင်းအစီအစဉ်သစ်များကိုလည်း မကြာသေးမီက စတင်မိတ်ဆက်ခဲ့ရာ သုံးစွဲသူအသစ်များသည် အထူးလျှော့ဈေးများနှင့် အမြန်နှုန်းအစီအစဉ်များကို ရရှိနိုင်မည့်အပြင် ယခင်ကအသုံးပြုနေပြီး သက်တမ်းထပ်တိုးမည့်သူများသည်လည်း သက်တမ်းတိုးကာလအပေါ်မူတည်၍ အထူးလျှော့ဈေးများကို ရာခိုင်နှုန်းအလိုက် ရရှိနိုင်မည်ဖြစ်သည်။

အူရီဒူးမြန်မာ၏ Supernet ဖိုင်ဘာဝန်ဆောင်မှုနှင့်ပတ်သက်၍ ဝန်ဆောင်မှုရရှိနိုင်သော မြို့နယ်များ၊ အစီအစဉ်များ၊ ပရိုမိုးရှင်းများနှင့် သုံးစွဲသူများအား ပံ့ပိုးမှု စသည့် အသေးစိတ်အကြောင်းအရာများကို https://ooredoo.com.mm ဝက်ဘ်ဆိုက်ထဲမှ supernetfibre တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ကိုစိုး