အယ်ဘေးနီးယားတွင် ငလျင်လှုပ်ခတ်မှုကြောင့် ၂၃ဉီးသေ၊ ၆၅၀ ဒဏ်ရာရ

၂၇ နိုဝင်ဘာ

အယ်ဘေးနီးယားတွင် အင်းအားပြင်းငလျင်ကြောင့် သေဆုံးသူအနည်းဆုံး၂၃ ဦးအထိ ရှိလာပြီဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

 

a1

 

ပြင်းအား ၆ဒသမ ၄အဆင့်ရှိ အဆိုပါငလျင်သည် မြို့တော်တီရာနာ အနောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာတွင်  ယမန်နေ့ နံနက်ပိုင်းအချိန်က လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 

a3

 

သေဆုံးသူ ၂၃ဦးမှာ ပြိုကျသည့် အဆောက်အဉီများ၏အောက်တွင် ပိမိခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးနှင့်ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒဏ်ရာရရှိပေါင်း ၆၅၀ ရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ပြိုကျသည့် အပျက်အစီးများအောက်တွင် ပိမိနေသည့် လူများကို မီးသတ်သမားများနှင့် စစ်မှုထမ်းများက ရှာဖွေလျက်ရှိသည်ဟု ဆိုသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အီတလီနှင့်ဂရိနိုင်ငံတို့မှလည်း ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပေးခဲ့သည်ဟု ဆိုသည်။

အယ်ဘေးနီးယားနိုင်ငံတွင် စက်တင်ဘာလအတွင်းကလည်း ပြင်းအား ၅ဒသမအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။

ယခုငလျင်သည် နှစ်ပေါင်း ၄၀အတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်ကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြခဲ့ကြသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်