ပုသိမ်    ဖေဖော်ဝါရီ   ၃

2025 - 2026 Myanmar Women League ပြိုင်ပွဲတွင် Ayeyarwady Women Football Club-Cham-pion  က ဆုဖလားအပ်နှံခြင်းကို ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ  ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင်မောင်ဝင်းနှင့် ဘောလုံးဝါသနာရှင် ပြည်သူ များက   Ayeyarwady  Women Football Club-Champion အသင်းကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ    ဆုဖလားအပ်နှံသည်။ 

ယင်းနောက်  ဧရာဝတီ FC အမျိုးသမီးဘောလုံးအသင်းနှင့် ဧရာဝတီ  Training Centre အမျိုးသမီးဘောလုံးအသင်း ချစ်ကြည်ရေးဘောလုံးပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း  သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)