ဩစတြေးလျအိုးပင်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲအဖြစ် ဖေဖော်ဝါရီ ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့နံပါတ်တစ် စပိန်တင်းနစ်ကစားသမား ကားလို့စ်အယ်ကာရက်ဖ်က ဆားဘီးယားတင်းနစ်အကျော်အမော် နိုဗက်ဗ်ဂျိုကိုဗစ်ကို ၂-၆၊၆-၂၆-၃ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။

အသက် ၂၂ နှစ်အရွယ် အယ်ကာရက်ဖ်သည် ဗိုလ်လုပွဲတွင် နာမည်ကြီး ဂျိုကိုဗစ်ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သည့်အတွက် ဂရင်းဆလမ်းဆုဖလားကို ဆွတ်ခူးနိုင်သည့် အသက်အငယ်ဆုံးအမျိုးသား တင်းနစ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့အပြင် ၎င်းသည် ဂရင်းဆလမ်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ရှစ်ကြိမ်တွင် ခုနစ်ကြိမ်အထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်ပြီလည်းဖြစ်သည်။

အယ်ကာရက်ခံသည် ဩစတြေးလျအိုးပင်းဖလား ဆွတ်ခူးရရှိပြီးနောက် နာမည်ကြီး တင်းနစ်အကျော်အမော်များဖြစ်သည့် ရော်ဂျာဖက်ဒဲရား၊ ရာဖေးလ်နာဒယ်၊ ဂျိုကိုဗစ်တို့ကို ကျော်ဖြတ်ကာ အသက်အငယ်ဆုံးတင်းနစ်ကစားသမားအဖြစ် စံချိန်မှတ်တမ်းသစ် စိုက်ထူနိုင်ခဲ့သည်။

အယ်ကာရက်ဇ်သည် ပြိုင်ပွဲတစ်လျှောက်တွင် နာမည်ကြီး တင်းနစ်ကစားသမားများဖြစ်သည့် ပေါလ်၊ ဒီမီနော၊ ဇီဗာရက်စ်တို့ကို အနိုင်ယူကျော်ဖြတ်ကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းလာခြင်းဖြစ်သည်။ နောက်ဆုံးဗိုလ်လုပွဲတွင်လည်း ဂျိုကိုဗစ်ကို ထပ်မံအနိုင်ယူကျော်ဖြတ်ကာ ဩစတြေးလျအိုးပင်းဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အယ်ကာရက်ဇ်သည် ဩစတြေးလျအိုးပင်း၊ ပြင်သစ်အိုးပင်း၊ ဝင်ဘယ်ဒန်၊ ယူအက်စ်အိုးပင်းစသည့် ဂရင်းဆလမ်းပြိုင်ပွဲ လေးခုစလုံးတွင် အနိုင်ရဗိုလ်စွဲသည့် ကိုးဦးမြောက် တင်းနစ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

မိုးဇက်