အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲ ဒီဇင်ဘာလတွင် ကျင်းပမည်

၁၆ စက်တင်ဘာ

အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲကို  ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း အယ်လ်ဂျီးရီးယား ကြားဖြတ်သမ္မတ  အဒယ်ကာဒါ ဘန်ဆာလရှ် က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

e1

 

ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း ဧပြီလတွင် နှစ် ၂၀ ကြာ အုပ်ချုပ်ခဲ့သော သမ္မတ အဒယ်အဇစ် ဘူတီဖလီကား ပြီးနောက် အဒယ်ကာဒါ ဘန်ဆာလရှ် တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဒယ်ကာဒါ ဘန်ဆာလရှ်သည် ဇူလိုင်လတွင် ဆန္ဒမဲပေးပွဲ ကျင်းပရန် ကနဦး ဆုံးဖြတ်ခဲ့သော်လည်း ဆန္ဒမဲမပေးမီ အာဏာရထိပ်တန်းအဖွဲ့ဝင်များထွက်ခွာပေးရန် ဆန္ဒပြသမားများက တောင်းဆိုထားသောကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့ရသည်။

ဆန္ဒမဲပေးရန် နီးကပ်လာပြီ ဖြစ်သောကြောင့် ဆန္ဒပြသမားများနှင့် အပြန်အလှန် ဆွေးနွေးရန် အဒယ်ကာဒါ ဘန်ဆာလရှ်က မေတ္တာရပ်ခံထားကြောင်း ယမန်နေ့က မိန့်ခွန်းတွင် ပါရှိသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် -  မြင့်မြင့်ချို