အယ်လ်ဂျီးယားနိုင်ငံတွင်  ရေကြီးမှုကြောင့် ဆယ်ကျော်သက်တစ်ဦး သေဆုံး

၉ စက်တင်ဘာ

 

အယ်လ်ဂျီးရီးယားနိုင်ငံ တောင်ပိုင်း ဘီချာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုများကြောင့် ဖြစ်ပွားသည့် ရေကြီးမှုများကြောင့် လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူက APS သတင်းဌာနသို့ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။  

 

ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ လုံခြုံရေးတပ်ဖွဲ့များအပါအဝင် ရှာဖွေရေးကို ကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားပြီး APS သတင်းဌာနက ပြောကြားခဲ့သည်။

 


အဆိုပါ ရေကြီးမှုသည် စနေနေ့နှောင်းပိုင်းက ဘီချာပြည်နယ်နှင့် အခြားသောဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ရခြင်းဖြစ်သည်။ 

 

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လမ်းအများအပြားမှာ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်။

 


အယ်ဂျီးရီးယားအနောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းမုန်တိုင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးလျက်ရှိသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်