ဘားအံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ‌ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်

ဘားအံ  မေ  ၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မေ ၂၆ ရက် နံနက်ပိုင်းမှစ၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း‌‌အဆင့် ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။

ဘားအံမြို့နယ်တွင် အခြခံပညာအထက်တန်းကျောင်း ၆၀၊ အလယ်တန်းကျောင်း ၉၁ ကျောင်း၊ မူလတန်းကျောင်း ၂၈၄ ကျောင်း စုစုပေါင်း ၄၃၅ ကျောင်းတို့တွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)