ဘားအံမြို့၌ အဆုတ်အအေးမိ ရောဂါအကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေး

ဘားအံ   ၂၉  ဇူလိုင်


အဆုတ်အအေးမိ ရောဂါအကြောင်း သိကောင်းစရာများ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ကုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် တိုင်းရင်ဆေးပညာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှမြင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ကော့ကရိတ်မြို့နယ် တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွယ်နီထိုက်က အဆုတ်အအေးမိ ရောဂါအကြောင်း၊ ရောလက္ခဏာများ၊ တိုင်းရင်းဆေးပညာ ကုထုံးများတွင် ဆေးတိုက်ကျွေးခြင်း၊ ဆေးလိမ်းခြင်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အအေးမိ နှာစေးချောင်းဆိုးရောဂါ ကာကွယ်ခြင်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။


ထို့နောက် တက်ရောက်လာကြသော ပြည်နယ် တိုင်းရင်းဆေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တိုင်းရင်းဆေး ဆရာအသင်းမှ တိုင်းရင်းဆေးဆရာကြီးများ၊ ကရင်ပြည်နယ် အတွင်းရှိ ခရိုင်/မြို့နယ် တိုင်းရင်းဆေးမှူးများ၊ ဒုတိုင်းရင်း ဆေးမှူးများ၊ လက်ထောက်တိုင်းဆေးမှူးများ၊ တိုင်းရင်းဆေး ဝန်ထမ်းများနှင့် ဘားအံမြို့ တိုင်းရင်းဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ဒေသခံ တိုင်းရင်းဆေးပညာ ဝါသနာရှင်များက အဆုတ်အအေးမိရောဂါနှင့် ပတ်သက်၍ အကြံပြုခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


နေမျိုးလွင်(ပြန်/ဆက်)