ဘားအံမြို့၌  ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိ

နေပြည်တော်   ၂၅   ဇွန် 

ကရင်ပြည်နယ် ဘားအံမြို့ (၉)ရပ်ကွက် ရတနာကျောင်းလမ်းနေ မောင်ဂျူး(၃၃) နှစ်သည် ဇွန်လ ၂၄ ရက်နေ့ ညနေ ၃ နာရီခွဲတွင် နေအိမ်ရှေ့၌ ကွန်ကရစ်လောင်းရန် သဲ/ ကျောက် များ ဖျော်နေစဉ် သဲများအတွင်းမှ ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိကြောင်း သတင်းအရ ဘားအံမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးပြီး အဆိုပါဗုံးသီးဟောင်းအား နယ်မြေခံတပ်မှဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။


ရဲပြန်ကြား